ပရိသတ်ကြီးရေ.. သရုပ်ဆောင်ကောင်းမှုတွေအပြင် စကားပြောပွင့်လင်းမှုတွေကြောင့် ပရိသတ်တွေကြား အမြဲရေပန်းစားနေကြတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ကလည်း အပါအဝင်ပါပဲနော်..။

အောင်မြင်တဲ့ သရုပ်ဆောင်အနုပညာရှင်အဖြစ် လျှောက်လှမ်းရပ်တည်နေတဲ့ နှိုင်းယှဉ်ကတော့ Covid-19 ဖြစ်နေတဲ့အချိန် အခြားစီးပွားရေးအနေနဲ့ Live လွှင့်ပြီး ဈေးရောင်းကာ ပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့် ပျော်နေရတယ်လို့ ဆိုပါတယ်နော်..။


Photo Credit - Nhying Shin's Fb Account
Photo Credit - Nhying Shin's Fb Account

ဇာတ်ကားတွေ များစွာရိုက်ကူးထားပြီး ပရိသတ်တွေရဲ့အားပေးမှုတွေလည်း ရရှိထားတဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ သရုပ်ဆောင်အပြင် Live လွှင့်ပြီး ဈေးရောင်းရတာကိုလည်း ပျော်နေတဲ့အကြောင်းလေးတွေကိုလည်း ပြောပြလာပါတယ်နော်..။

သရုပ်ဆောင်လုပ်တုန်းက တချို့အင်တာဗျူးတွေကြောင့် အဆဲခံရကာ လူမုန်းများပေမယ့် Live လွှင့်ပြီး ဈေးရောင်းတော့မှ ချစ်တဲ့လူတွေ တအားများလာပြီး ချစ်တဲ့လူတွေများလာလို့ ကိုယ်တိုင်တောင် အံ့သြရတဲ့အကြောင်းလေးတွေကို နှိုင်းယှဉ်က ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Nhying Shin's Fb Account
Photo Credit - Nhying Shin's Fb Account

“တချို့အင်တာဗျူးတွေက ကိုယ့်ကို ဆွတဲ့ စကားလုံးတွေဆိုတော့ ကိုယ်က ပြန်ပြောမိတယ် ပရိသတ်က အဲ့အင်တာဗျူးကို ကြည့်မိပြီး ရိုင်းတယ်လို့ ထင်သွားတာ အပြင်မှာတွေ့ဖူးဆက်ဆံဖူးတဲ့ လူတွေကျတော့ နှိုင်းယှဉ် စိတ်ကို သိတယ် အပြင်မှာကင်မရာထောင် Live လွှင့်ပြီး ဈေးရောင်းတဲ့ အချိန်မှာ ဒါနှိုင်းယှဉ်ရဲ့ ကာရိုက်တာ အပြင်ပုံစံပဲ စကားပြောတာယဉ်ကျေးတယ် ချိုသာတယ် ဒါပေမယ့် အဲ့ထဲမှာ ကိုယ့်ကို နည်းနည်းလေးလာဖောင်းတာနဲ့ ဒီဇိုင်းက ချက်ချင်းပြောင်းသွားတယ် အဲ့တော့မှ ပရိသတ်တွေက အင်တာဗျူးတွေမှာ ဒါငါတို့သိထားတဲ့ နှိုင်းယှဉ်မြင့်မိုရ်က ဒီလိုပုံစံမဟုတ်ဘူး ဆိုပြီး ပြောကြတာ အမှန်တော့ Live လွှင့်ပြီး ဈေးရောင်းတာက အပြင်က နှိုင်းယှဉ်မြင့်မိုရ် အစစ်ပဲ အဲ့ဒီ့အတိုင်းပဲ ဆက်ဆံတယ်..” ဆိုပြီး သူမရဲ့အကြောင်းလေးတွေကို ပြောပြထားပါနော်..။

Live လွှင့်ရင်းနဲ့ ချစ်ကြတဲ့ လူတွေ တအားများတော့ ဈေးရောင်းရတာ ပျော်နေတဲ့အကြောင်းလေးတွေကို ပြောပြထားသေးတဲ့ နှိုင်းယှဉ်နဲ့ အေးသန္တာမြင့်တို့ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Nhying Shin's Fb Account
Photo Credit - Nhying Shin's Fb Account

Photo Credit - Nhying Shin's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။