ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားကြတဲ့ အနုပညာရှင်တွေထဲမှာ ရယ်စရာဟာသလေးတွေနဲ့ ပရိသတ်တွေကို အမြဲရယ်မောစေကြတဲ့ ဟာသလူရွှင်တော်တွေဖြစ်ကြတဲ့ အုန်းသီး၊ သိန်းဇံနဲ့ ကောင်းကျော်တို့ကတော့ တကယ်ကို အခွီတွေပါပဲ..။

ဇာတ်ပို့သရုပ်ဆောင်တွေထဲမှာ ရယ်စရာလေးတွေ အမြဲပြောတတ်လို့ ပရိသတ်တွေရဲ့အချစ်တွေနဲ့ တခဲနက်အားပေးမှုတွေကို ရရှိထားကြတဲ့ သူတို့သူငယ်ချင်းသုံးယောက်ကတော့ တွေ့လိုက်တိုင်း တစ်ယောက်နဲ့ တစ်ယောက် စနောက်ရင်း ပျော်နေကြတာပါပဲနော်..။


Photo By Myanmarload
Photo By Myanmarload

အခုတစ်ခါမှာလည်း သူငယ်ချင်းသုံးယောက်အတူဆုံတုန်း တစ်ယောက်နဲ့တစ်ယောက် စနောက်ရင်း ပါးစပ်မစေ့အောင် ခွီးနေကြရပြီး ပရိသတ်တွေကို အပျော်လေးတေံ ကူးစက်စေကာ ရယ်မောပျော်ရွှင်စေကြပြန်ပါတယ်နော်..။

အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အစအနောက်ကြမ်းပြီး ပြောမနာဆိုမနာနဲ့ ညစ်တီးညစ်ပတ်ပေါက်ကရတွေ ပြောကြလို့ ဘေးကလူတွေတောင် သေးထွက်ကြတဲ့ အကြောင်းလေးတွေကိုလည်း ပြောပြထားကြတာပါ..။


Photo By Myanmarload
Photo By Myanmarload

တစ်ယောက်အင်တာဗျူးဖြေနေတဲ့အချိန် တစ်ယောက်က လိုက်နောက်ရင်း ရယ်မောပျော်ရွှင်နေကြတဲ့ သူတို့သူငယ်ချင်းသုံးယောက်ရဲ့ အခွီဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

ကြက်သားဟင်းရောင်းနေတဲ့ ကောင်းကျော်ကိုလည်း နှစ်ယောက်သား အတိုင်အဖောက်ညီညီ တစ်ယောက်နဲ့ တစ်ယောက် နောက်ကြရင်း ပျော်နေကြသလို ကြည့်နေရတဲ့သူတွေကိုပါ အပျော်လေးတွေ ကူးစက်စေကာ ရယ်မောစေတာမို့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။