photo credit - team secret twitter

Europe region က esports organization တစ်ခုဖြစ်တဲ့ Team Secret ကတော့ သူတို့ရဲ့ cs:go team နဲ့ပတ်သတ်တဲ့ roster update တစ်ခုကိုကြေညာခဲ့ပါတယ်။

Team Secret ကြေညာခဲ့တာကတော့ cs:go team က player တစ်ဦးဖြစ်တဲ့ juanflatroo ဟာ မနေ့က ဇူလိုင်လ 1 ရက်နေ့က အသင်းကနေ တရားဝင်ထွက်ခွာသွားပြီဆိုတာပဲဖြစ်ပါတယ်။

juanflatroo ကတော့ Team Secret ကို 2019 ခုနှစ် 11 လပိုင်း 25 ရက်နေ့မှာ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး Team Secret နဲ့အတူ ကြီးမားတဲ့ အောင်မြင်မှုတွေတော့ ရယူထားနိုင်တာမျိုးမရှိပါဘူး ။

Team Secret အနေနဲ့လည်း ပြီးခဲ့တဲ့ 5 လပိုင်း 13 ရက်နေ့က tudsoN ဟာ အသင်းကနေ inactive လုပ်သွားတာကြောင့် players လေးယောက်သာကျန်ရှိခဲ့ပြီး ယခု juanflatroo ကပါထွက်ခွာသွားပြီဆိုတော့ players သုံးယောက်သာ ကျန်ရှိနေတော့တာပဲဖြစ်ပါတယ်။

Team Secret cs:go team မှာ ကျန်ရှိနေတဲ့ players တွေကတော့

sinnopsyy

qnarkez

PERCY (captain)

တို့ပဲဖြစ်ပါတယ်။

source - team secret twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။