ပရိသတ်ကြီးရေ နှစ်လိုဖွယ်အပြုံးနဲ့ အေးချမ်းတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ မိုးယုက အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့ သူလေးပါ။ မိုးယုက အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်ပြီး ဗီဒီယိုဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်ကာ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေအကြိုက်တွေ့နေရတဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတဲ့ မိုးယုက လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားတာလည်းဖြစ်ပါတယ်.......။

Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account

မိုးယုက ခင်ပွန်းနဲ့အတူ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားပြီး သူမနဲ့တူတဲ့ သားသားလေးAustinကိုလည်း မွေးဖွားထားတာပဲဖြစ်ပါတယ်။ သားသားလေးက ချစ်စရာကောင်းပြီး စကားလည်းတက်လွန်းတာကြောင့် ပရိသတ်တွေကလည်း အချစ်ပိုနေကြတာပါနော်။ သားသားလေးကို မေမေမိုးယုက သေချာပြုစုပျိုးထောင်နေတာဖြစ်လို့ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပေမယ့် နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကိုတော့ လူမှုကွန်ယက်စာမျက်နှာထက်မှာ အမြဲမျှဝေပေးလျက်ရှိနေတာလည်းဖြစ်ပါတယ်......။ 

Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account

ယနေ့မှာလည်း မိုးယုက သားသားလေး Austinရဲ့ လူကြီးဆန်တဲ့ အပြုအမူလေးကို ကြည့်ပြီး " ဒီပုံလေးကိုချစ်လို့ သားသားလေးကအားကိုးရတယ် မုန့်ဘူးကိုသေချာလေးမ နိုင်တယ် လူကြီးလေးကျနေတာပဲ ချစ်ဆုံး သည်းလေး " ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။ မိုးယု သားသားလေးပုံလေးကို ချစ်ရတဲ့ ပရိသတ်တွေကြည့်ပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်.....။

Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account

Photo credit - Moe Yu San's FB account

Source - Moe Yu San's FB account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။