ပရိသတ်ကြီးရေ ဇာတ်ပို့ ၊ ဇာတ်ရံ တစ်ယောက်ဖြစ်တဲ့ ကေညီ ကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ကေညီ ဟာ ဟာသဇာတ်ရုပ်တွေနဲ့ သဘာဝကျကျ သရုပ်ဆောင်ချက်တွေဖြင့် ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိခဲ့ပြီး အချစ်တွေကို အပြည့်အဝရရှိခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ကေညီ ဟာ စိတ်သဘောထားပြည့်ဝပြီး အမြဲပျော်ပျော်ရွှင်ရွှင် နေတက်တာကြောင့် ချစ်ခင်သူတွေပေါများနေတာ ဖြစ်ပါတယ်။

Photo & Video Credit - K Nyi
Photo & Video Credit - K Nyi

လတ်ရှိမှာတော့ ကေညီ ဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ဖြင့် ပျော်ရွှင်တဲ့ မိသားစုလေး ဘဝကို ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကေညီကတော့ လတ်တလော ကပ်ရောဂါ တိုက်ဖျက်ရေး အချိန်ကာလလေးမှာ အဝတ်အထည်ဆိုင်လေးတစ်ဆိုင်ကို ဖွင့်ထားပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ မကြာခဏဆိုလိုလည်း ကေညီ က ပရိသတ်တွေ ပျော်ရွှင်စေဖို့အတွက် ဟာသ ဗီဒီယိုလေးတွေကို ဖော်ပြပေးလေ့ရှိပါတယ်။

Photo & Video Credit - K Nyi
Photo & Video Credit - K Nyi

ယခုတစ်ခါမှာလည်း ကေညီ ကတော့ ကြည့်မိသူတိုင်း ရယ်မော ပျော်ရွှင် သွားစေဖို့အတွက် ကိုယ်တိုင်ဖန်တီးထားတဲ့ အခွီး ဗီဒီယိုလေးကို တင်ပေးလာခဲ့ပြန်ပါပြီနော်..။ ဒီဗီဒီယိုလေးထဲ မှာတော့ ကေညီ က တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသားကြီး ဦးဝင်းဦး အိုက်တင်တွေနဲ့ ရယ်စရာကောင်းလောက်အောင် သရုပ်ဆောင်ထားတဲ့ ဟာသ ဗီဒီယိုလေး ပဲဖြစ်ပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးအတွက် တစ်နေ့တာရဲ့ အချိန်လေးတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်အောင် ကေညီ ရဲ့ ဟာသ tik tok ဗီဒီယိုလေးကို ကူးယူပြန်လည်ဖော်ပြလိုက်ပါတယ်။

Photo & Video Credit - K Nyi

Source - K Nyi 's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။