League Of Legends : Wild Rift ဟာဆိုရင် 2020 ခုနှစ်ရဲ့ Mobile Game လောကမှာ လူတော်တော်များစောင့်မျှော်နေတဲ့ MOBA ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ Mobile Legends ကစားသူတွေဆိုလဲ LOL : WR နဲ့ပတ်သတ်လို့ စောင့်ကြည်နေကြပါတယ်။ ပရိသတ်ကြီးအနေနဲ့လဲ စောင့်ကြည့်ကြမယ်လို့ထင်ပါတယ်။ ကိုယ်ဟာ ဒီဂိမ်းကိုဆော့ကစားမယ်ဆိုရင် ဂိမ်းနဲ့ပတ်သတ်တဲ့ အချက်အကြောင်းတွေကိုသိရှိသင့်ပါတယ်။ ဂိမ်းထဲမှာ Champion အယောက် ၄၀ လောလောဆယ်ပါဝင်ပြီး Jungle, Top, Mid, ADC နဲ့ Support ဆိုပြီး Role ၅ခုရှိပါတယ်။ အဲ့ထဲက Support Role နဲ့ပါဝင်တဲ့ Champion တွေကိုဖော်ပြလိုက်ပါတယ်။ 

Support

Mobile Legends မှာဆိုရင် Support Role လူတိုင်းမကိုင်တက်သလို လူကစားမှုနည်းတဲ့ Role ပဲဖြစ်ပါတယ်။ သာမာန်ပွဲတစ်ခုမှာ Support စစ်စစ် Hero တွေ ကိုင်ကြတာ နည်းပါတယ်။ Support ကိုင်ပြီဆိုရင်လဲ အသင်းနဲ့ချိတ်ဆက်မှုမရှိတာကိုတွေ့ရတက်ပါတယ်။ LOL : WR မှာဆိုရင် Support Role Champion တွေဟာ ကစားသူကို မရိုးစေသလို ပျင်းလဲမပျင်းစေပါဘူး။ သူတို့တွေရဲ့တာဝန်ဟာ Ward တွေထောင်ရမယ်...ရန်သူထောင်ထားတဲ့ Ward တွေကိုဖျက်စီးရမယ်။ ကိုယ့်အသင်းကသူတွေကို အနစ်နာခံပြီးကယ်ပေးတက်ရမယ်။ PC လောကမှာ Support Role ဟာ Player တွေ ချီးကျူးတဲ့ထဲမှာ ပါပါတယ်။ Support Role Champion တွေကတော့ Blitzcrank, Janna, Soraka, Nami, Braum နဲ့ Alistair တို့ပဲဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Atomic

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။