ပရိသတ်ကြီးရေ မင်းသမီးချောလေးရွှေမှုံရတီနဲ့ မင်းသားချောလေးရွှေထူးတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အရမ်းအေးချမ်းတဲ့ဘဝလေးမှာ နှစ်ကိုယ်တူလျှောက်လှမ်းနေကြတာပဲဖြစ်ပါတယ်။ရွှေထူးက သီချင်းအသစ်လေးတွေလည်းဖန်တီးနေသလို ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းရိုက်ကူးနေတာဖြစ်ပါတယ်။ရွှေမှုံလေးကတော့ လတ်တလောမှာဆိုရင် ကြော်ငြာလေးတွေရိုက်ကူးနေရတာဖြစ်ပါတယ်နော်။

Photo Credit:Yin Kyay's Facebook Account
Photo Credit:Yin Kyay's Facebook Account

ရွှေထူးနဲ့ရွှေမှုံတို့ဇနီးမောင်နှံနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်လည်း ကူညီဖေးမကြပြီး အရမ်းချစ်ကြလို့ အားကျဖို့ကောင်းတဲ့စုံတွဲလေးပါနော်။ရွှေထူးကလည်း ချစ်ဇနီးချောလေးကို အရမ်းချစ်ပြီး စိတ်ချမ်းသာအောင်ထားပေးတဲ့ ခင်ပွန်းကောင်းတစ်ယောက်ပါ။ရွှေမှုံကလည်း အသက်(၂၂)နှစ်အရွယ်ပေမယ့် ရင့်ကျက်တည်ငြိမ်လာတာကို တွေ့ရပါတယ်နော်။

Photo Credit:Yin Kyay's Facebook Account
Photo Credit:Yin Kyay's Facebook Account
Photo Credit:Yin Kyay's Facebook Account

ရွှေထူးနဲ့ရွှေမှုံတို့က နှစ်ဖက်မိဘတွေကိုလည်း လိုလေသေးမရှိအောင် ဂရုစိုက်ပေးကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ရွှေထူးတို့ဇနီးမောင်နှံက မိခင်ဆီကိုသွားလည်ကြတာဖြစ်ပါတယ်။ရွှေထူးရဲ့မေမေကတော့ သားနဲ့သမီးချွေးမလေးတို့က လာလည်ကြလို့ အရမ်းပျော်ရွှင်နေပြီး ကြည်နူးနေတဲ့ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Yin Kyay's Facebook Account
Photo Credit:Yin Kyay's Facebook Account

Source&Photo Credit:Yin Kyay's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။