ပရိတ်သတ်ကြီးရေ.....ဇာတ်ကားကောင်းတွေကို အကောင်းဆုံးဖန်တီးမှုတွေနဲ့အတူပရိတ်သတ်တွေကို ချပြလေ့ရှိတဲ့ အကယ်ဒမီများရှင် ဒါရိုက်တာစင်ရော်မောင်မောင်ကို သိကြမယ်ထင်ပါတယ်နော်။ သူဟာတစ်ခတ်တခါတည်းက ပရိတ်သတ်တွေရဲ့အားပေးမှုကိုခံရပြီး အနုပညာလောကမှာ ဆယ်စုနှစ်များစွာတိုင် အောင်မြင်စွာရပ်တည်နေနိုင်တဲ့သူဖြစ်ပါတယ်။


Photo Credit-Zin Yaw Mg Mg's Facebook acc
Photo Credit-Zin Yaw Mg Mg's Facebook acc

စင်ရော်မောင်မောင်ရဲ့ သားလေးဖြစ်တဲ့မင်းသန့်မောင်မောင်ဟာလည်း အခုလက်ရှိမှာဆိုရင် အနုပညာလောကထဲစတင်ဝင်ရောက်လာပြီဖြစ်ပြီး ဒါရိုက်တာတစ်ယောက်အနေနဲ့ စတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ မင်းသန့်ဟာ နိုင်ငံခြားမှာလည်း ပညာသင်ယူလာခဲ့တာဖြစ်ပြီး ဖခင်အမွေကိုဆက်ခံကာ ဒါရိုက်တာတစ်ယောက်အနေနဲ့ အကောင်းဆုံးကြိုးစားနေတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း မင်းသန့်လေးကိုချစ်ခင်အားပေးကြမယ်မလား။


Photo Credit-Zin Yaw Mg Mg's Facebook acc
Photo Credit-Zin Yaw Mg Mg's Facebook acc

ဒီနေ့ဂျူလိုင်လ(၃)ရက်နေ့ဟာဆိုရင်လည်း မင်းသန့်မောင်မောင်ရဲ့မွေးနေ့လေးဖြစ်ပါတယ်။ သားဖြစ်သူမင်းသန့်ရဲ့မွေးနေ့လေးကို စင်ရော်မောင်မောင်ဟာ သူ့ရဲ့Facebookစာမျက်နှာတွင် "Happy Birthday my lovely son ! All the Best for your life ...." ဆိုတဲ့captionလေးနဲ့ အမှတ်တရပုံလေးတွေတင်ပေးကာ မွေးနေ့ဆုတောင်းပေးထားပါတယ်။ ကဲ.....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Photo Credit-Zin Yaw Mg Mg's Facebook acc
Photo Credit-Zin Yaw Mg Mg's Facebook acc

Source-Zin Yaw Mg Mg's Facebook acc

Photo Credit-Zin Yaw Mg Mg's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။