ပရိသတ်ကြီးရေ ဂီတလောကမှာ Rap သီချင်းတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာ အကောင်းဆုံးနေရာ ယူထားနိုင်ခဲ့တဲ့ သူကတော့ စန္ဒီမြင့်လွင် ပဲဖြစ်ပါတယ်။ စန္ဒီမြင့်လွင် ရဲ့ သီချင်းတွေကလည်း လတ်ရှိမှာတော့ လူငယ်တွေကြားမှာ ရေပန်းစားလူကြိုက်များခဲ့တဲ့ တေးသီချင်းကောင်းတွေပဲဖြစ်ပါတယ် ။ ဒါ့အပြင် စန္ဒီမြင့်လွင် ဟာ ဆိုတော်ကောင်းတစ်ယောက် ဖြစ်သလို သရုပ်ဆောင်ပိုင်းမှာလည်း သဘာဝကျကျ ပီပြင်အောင်လည်း အကောင်းဆုံး သရုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။

Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin

သူမဟာ အရမ်းကိုသာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်နဲ့ အတူ ပျော်ရွှင်စရာ မိသားစုနဲ့ ဘဝကိုဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် စန္ဒီမြင့်လွင် ကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် နဲ့ လုပ်ကိုင်နေပြီးကာ ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင်လည်း သူမရဲ့ လှုရှားမှုပုံရိပ်လေးတွေကို အမြဲဖော်ပြပေးတာကို တွေ့ရပါတယ်။ ယခုမှာဆိုရင်တော့ အချစ်တော်လေး စန္ဒီမြင့်လွင် က coolors မိတ်ကပ် ကြော်ငြာရိုက်ကူးရေးတစ်ခု ပြုလုပ်နေရင်း အမှတ်တရ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin

ဒီပုံလေးတွေထဲမှာတော စန္ဒီမြင့်လွင် က လှပလိုက်ဖက်တဲ့ mask လေးကိုတပ်ပြီး အထာကျကျ နဲ့ မြင်သူတိုင်းအားကျ သွားရလောက်အောင်း ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း စန္ဒီမြင့်လွင် က " "ဒီနေ့ Treasure မေမေ coolors မိတ်ကပ်ကြော်ငြာလေးရိုက်တယ်ရှင့် " ဆိုပြီးရေးသားထားပါသေးတယ်။ ကဲ....ချစ်ပရိသတ်ကြီး ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတဲ့ အချစ်တော်လေး စန္ဒီမြင့်လွင် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်းကြည့်ရှုလို့ ရအောင် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin

Photo Credit - Sandy Myint Lwin

Source -Sandy Myint Lwin's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။