ပရိသတ်ကြီးရေ ပိန်ပါးကျစ်လစ်တဲ့ ကိုယ်ခန္ဓာအချိုးအစားလေးနဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူလေးကတော့ တက်သစ်စသရုပ်ဆောင် မင်းသမီးချောလေး မေတိုးခိုင်ပဲဖြစ်ပါတယ်။ မေတိုးခိုင်က အကယ်ဒမီများစွာရရှိထားပြီး မြန်မာနိုင်ငံရဲ့ ထိတ်တန်းမင်းသမီးတလက်ဖြစ်တဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမလေးပဲဖြစ်ပါတယ်။ အဒေါ်ဖြစ်သူရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားကျပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ မေတိုးခိုင်က ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာလည်းဖြစ်ပါတယ်.........။

Photo credit - May Toe Khine - မေတိုးခိုင်'s FB page
Photo credit - May Toe Khine - မေတိုးခိုင်'s FB page

မေတိုးခိုင်က ရွှေကြိုမယ်အဖြစ်လည်း လုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ တွဲဖက်လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။ ပီပြင်ကောင်းမွန်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိထားတဲ့ မေတိုးခိုင်က လတ်တလောမှာတော့ ကြော်ငြာတွေနဲ့ Photo shootingတွေကို လက်ခံရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ မကြာသေးမီအချိန်က သူမရဲ့ မိသားစုတွေနဲ့အတူ ခရီးစဉ်တိုလေးတစ်ခုကိုလည်း ထွက်ခဲ့ပါသေးတယ်........။

Photo credit - May Toe Khine - မေတိုးခိုင်'s FB page
Photo credit - May Toe Khine - မေတိုးခိုင်'s FB page

ယခုလက်ရှိမှာတော့ မေတိုးခိုင်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ခရီးသွားရောက်ခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ အမိုက်စားပုံရိပ်လေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ခေါင်မိုးပေါ်မှာ အထာကျကျဓာတ်ဖမ်းနေတဲ့ ပုံလေးတွေကို တင်ပေးလာပြီး " လူက ရန်ကုန်မှာ ပုံတွေက ခရီးမှာ ရှိတုန်း " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ....ချစ်ရတဲ့ ပရိသတ်တွေကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် မေတိုးခိုင်ရဲ့ ပုံလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.........။

Photo credit - May Toe Khine - မေတိုးခိုင်'s FB page
Photo credit - May Toe Khine - မေတိုးခိုင်'s FB page

Photo credit - May Toe Khine - မေတိုးခိုင်'s FB page

Source - May Toe Khine - မေတိုးခိုင်'s FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။