ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားပြီး အောင်မြင်တဲ့အနုပညာရှင်အဖြစ် လျှောက်လှမ်းနေသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေရည်ဝင်းလဲ့ပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်အချစ်တွေနဲ့ ဇာတ်ကားတွေလည်း ရိုက်ကူးထားကာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ နေရည်ဝင်းလဲ့ကတော့ သူမချစ်ခင်လေးစားအားကျရတဲ့ အကယ်ဒမီ မင်းသမီးချော မေသန်းနု ပြန်လည်လွတ်မြောက်လာလို့ ဝမ်းသာနေတဲ့ အကြောင်းလေး ပြောပြလာပါတယ်နော်..။


Photo Credit - Nay Yee Win Lai's Fb Account
Photo Credit - Nay Yee Win Lai's Fb Account

အရမ်းချစ်ရတဲ့ အန်တီဆင့်ပြန်လွတ်လာလို့ အရမ်းဝမ်းသာပြီး အကယ်ဒမီရွှေကြိုလုပ်တဲ့အချိန်က သူမကို ကူညီသင်ပြပေးခဲ့တဲ့ အမှတ်တရလေးတွေကို ပြောပြရင်း ဝမ်းသာပြီး ပျော်နေတဲ့အကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

“အန်တီဆင့်ကို အရမ်းချစ်တာလေ နေရည်တို့ ရွှေကြိုလုပ်တုန်းကလည်း အန်တီဆင့်ပဲ အကုန်သင်ပေးခဲ့တာ တောက်လျှောက်လည်း သင်ပေးခဲ့တယ် အရမ်းလည်းချစ်တယ် ပြန်လွတ်လာပြီဆိုတော့ အရမ်းဝမ်းသာပါတယ် ကိုယ့်ရဲ့အနုပညာရှင် Idol ကြီးဆိုတော့ ပြန်လွတ်လာတာ အရမ်းဝမ်းသာတယ် အရမ်းလည်း ပျော်တယ် ..” ဆိုပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့အတူ ပြောပြထားတာပါ..။


Photo Credit - Nay Yee Win Lai's Fb Account
Photo Credit - Nay Yee Win Lai's Fb Account

သူမလေးစားအားကျရတာတွေ အများကြီးရှီပြီး ချစ်ခင်ရတဲ့ အန်တီဆင့်နဲ့အတူ အနုပညာအလုပ်တွေလည်း အတူတွဲပြီး လုပ်ဆောင်ချင်တဲ့အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်နော်..။

အခုလို ပြန်လည်လွတ်မြောက်လာပေမယ့် မပြီးပြတ်သေးတဲ့ အမှုကိစ္စအတွက် အားတင်းထားဖို့လည်း အားပေးစကားလေး ပြောထားသေးတဲ့ နေရည်ဝင်းလဲ့ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Nay Yee Win Lai's Fb Account
Photo Credit - Nay Yee Win Lai's Fb Account

Photo Credit - Nay Yee Win Lai's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။