သရုပ်ဆောင်အိအိတုန်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကို ရရှိနေပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ရာ ကျရာနေရာမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့သူလေးပဲ ဖြစ်ပါတယ်။ သူမကတော့ အေးချမ်းသာယာတဲ့ မိသားစုကမ္ဘာလေးကို ဖန်တီးတည်ဆောက်ထားနိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ချစ်စရာကောင်းလွန်းတဲ့ သမီးလေးနဲ့ ရင်သွေလေးကို လွယ်ထားရသူလေးပဲ ဖြစ်ပါတယ်။

photo credit: Ei Tone 's facebook acc
photo credit: Ei Tone 's facebook acc

မိသားစုနဲ့အတူ ပျော်ရွှင်စရာအချိန်တွေကို ဖြတ်သန်းနေတဲ့ သူမကတော့ ဈေးရောင်းတဲ့ အလုပ်ကို လုပ်ကိုင်လျက်ရှိနေခဲ့တာပဲ ဖြစ်ပြီး အိတ်တွေအကျီတွေအကုန်ရောင်းရလို့ ပျော်ရွှင်နေခဲ့တာပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ အလုပ်တွေနဲ့ပင်ပန်းနေတဲ့ ကိုယ်ဝန်သည်ချစ်ဇနီးလေးကို ရင်ခွင်ထဲမှာထွေးပွေ့ဖက်ပြီး ဂရုစိုက်ပေးနေခဲ့ပါတယ်။ သူမတို့ ဇနီးမောင်နှံရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲ ဖြစ်ပါတယ်။

photo credit: Ei Tone 's facebook acc
photo credit: Ei Tone 's facebook acc

သူမကတော့ "အိတ်တွေရောအကျီတွေရောတထည်မှမကျန်အားပေးကြတဲ့ချစ်တုန်းတို့စိတ်ချမ်းသာလို့ကိုယ်ကျန်းမာပါစေဖုန်းတွေလည်းကိုင်ပေးကြလို့ကျေးဇူးပါနော်ခုတော့ပင်ပန်းသွားလို့ချစ်သူရင်ခွင်မှာခဏအနားယူလိုက်အုန်းမယ်နော် " ဆိုပြီး ကြည်နူးစရာပုံရိပ်လေးနဲ့အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အိတုန်တို့ မိသားစုလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: Ei Tone 's facebook acc

photo credit: Ei Tone 's facebook acc
photo credit: Ei Tone 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။