ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး နေခြည်ရွှန်းလက်ကတော့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေရင်ထဲရောက်ရှိလာတဲ့ MRTV-4 မင်းသမီးချောလေး တစ်ဦးပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်အခိုင်အမာနဲ့ အောင်မြင်တဲ့အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းရပ်တည်နေတဲ့ နေခြည်လေးကတော့ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားပြီး တစ်မျိုးလေးချစ်စရာကောင်းသူလေးမို့ အားလုံးက အချစ်ပိုနေကြတာပါ..။


Photo Credit - Nay Chi Shoon Lak's Fb Account
Photo Credit - Nay Chi Shoon Lak's Fb Account

အချစ်တော် နေခြည်လေးကတော့ ပြီးခဲ့တဲ့ Stay Home ကာလတွေမှာ အိမ်မှာနေရင်း လုပ်ဖြစ်ခဲ့တဲ့ သူမရဲ့ အကြောင်းလေးတွေနဲ့ Stay Home ကာလအပြီး သွားချင်လာချင် စားချင် လုပ်ချင်တဲ့ အကြောင်းလေးတွေကို ပြောပြလာပါတယ်နော်..။

Stay Home ကာလေလေးမှာ အိမ်မှာ ပျင်းလွန်းလို့ မမေနိုင်ဘဲ ဂိမ်းဆော့ဖြစ်ပြီး နောက်ပိုင်းတွေမှာလည်း လေ့ကျင့်ခန်းတွေလည်း လုပ်ဖြစ်သလို အိမ်မှာပဲ လေ့လာစရာတစ်ခုခုကို သင်ယူဖြစ်တဲ့အကြောင်းလေးတွေကို ပြောပြထားတာပါ..။


Photo Credit - Nay Chi Shoon Lak's Fb Account
Photo Credit - Nay Chi Shoon Lak's Fb Account

“ပထမဦးဆုံးတစ်ပတ် နှစ်ပတ်လောက် တော်တော်ပျင်းတယ် ဘယ်လိုမှ မနေနိုင်ဘူး မနေနိုင်တော့ ဂိမ်းဆော့တယ် ဒါပေမယ့် ဂိမ်းဆော့တာ မကောင်းဘူးလေ မျက်လုံးတွေညာတွေလည်း ထိခိုက်တော့ နောက်ပိုင်းလေ့ကျင့်ခန်းတွေ လုပ်ဖြစ်တယ် စားလည်းစားတယ် လေ့ကျင့်ခန်းလည်း လုပ်တယ် အိမ်မှာပဲ လေ့လာစရာ တစ်ခုခုအသစ်ကို သင်ပါတယ် ..” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်နော်..။

“ထွက်ခွင့်ရပြီး ဘုရားတွေလည်းဖွင့်ပြီဆိုရင် ဘုရားသွားဖူးပြီး သူငယ်ချင်းတွေနဲ့လည်း တွေ့ချင်ပါတယ် ခရီးထွက်တာကတော့ ရာသီဥတုအေးတဲ့ဘက်ကို ထွက်ချင်တယ်..” ဆိုပြီးတော့လည်း ပြောပြထားသေးတဲ့ နေခြည်လေးရဲ့ ဗီဒီယိုဖိုင်လေးကိုလညး တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Nay Chi Shoon Lak's Fb Account
Photo Credit - Nay Chi Shoon Lak's Fb Account

Photo Credit - Nay Chi Shoon Lak's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။