ပရိသတ်ကြီးရေ အကယ်ဒမီမြင့်မြတ်ကတော့ လက်ရှိမှာသားချောလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားသလို ချစ်ဇနီးချောလေးကလည်းနောက်ထပ်ကိုယ်ဝန်ကို လွယ်ထားရတာဖြစ်ပါတယ်။မြင့်မြတ်ကတော့ သားလေးကိုအရမ်းချစ်ပြီး သူသွားလေရာနေရာတိုင်းကို အမြဲတမ်းလိုလိုခေါ်သွားလေ့ရှိပါတယ်နော်။ပရိသတ်တွေကတော့ မြင့်မြတ်ကိုလည်းချစ်ကြသလို သူ့ရဲ့မိသားစုဘဝလေးကိုလည်း အားကျပြီးချစ်နေရတာဖြစ်ပါတယ်။

Photo Credit:Myat Wai Tun's Facebook Account
Photo Credit:Myat Wai Tun's Facebook Account
Photo Credit:Myat Wai Tun's Facebook Account

မြင့်မြတ်က အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသလို့ သားလေးနဲ့ချစ်ဇနီးကို လိုလေသေးမရှိအောင်ထားပေးပြီး အမြဲဂရုတစိုက်နဲ့ရှိပါတယ်နော်။အလုပ်တွေအရမ်းများပေမယ့်လည်း မိသားစုကို လုံလုံလောက်လောက်အချိန်ပေးပြီး ပျော်ရွှင်အောင်လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။မြင့်မြတ်ရဲ့သားလေးက တဖြည်းဖြည်းနဲ့အရွယ်ရောက်လာပြီး တစ်နေ့တစ်ခြားလည်း ပိုပိုချစ်ဖို့ကောင်းလာတာကို ပရိသတ်ကြီးလည်းတွေ့မြင်နေရမှာဖြစ်ပါတယ်နော်။

Photo Credit:Myat Wai Tun's Facebook Account
Photo Credit:Myat Wai Tun's Facebook Account

မြတ်သူလေးက အခုဆိုရင် နည်းနည်းပါးပါးသိနားလည်လာပြီဖြစ်လို့ ဖေဖေ့လိုပဲ အိုင်တင်တွေလည်းလိုက်လုပ်တတ်သလို မျက်နှာလေးလည်းပြောင်တတ်လာပါပြီနော်။သူ့ရဲ့ပုံစံလေးတွေကို ကြည့်ပြီး ပရိသတ်တွေကချစ်မဝဖြစ်နေရကာ အခုဆိုရင်လည်း ဖေဖေ့ကို ပတ္တလားတီးပြနေတာဖြစ်ပါတယ်။မြတ်သူလေးကတော့ ဖေဖေ့ရဲ့အနုပညာသွေးလေးပါတာကြောင့် တူရိယာပစ္စည်းတွေကိုသဘောကျပြီး တီးကြည့်နေတဲ့ပုံလေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Myat Wai Tun's Facebook Account
Photo Credit:Myat Wai Tun's Facebook Account
Photo Credit:Myat Wai Tun's Facebook Account

Source&Photo Credit:Myat Wai Tun's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။