ပရိသတ်ကြီးရေ ညီထွဋ်ခေါင် နဲ့ ဆုမြတ်နိုးဦး တို့ သူငယ်ချင်း နှစ်ယောက်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု ကိုယ်စီဖြစ်ဖြင့် အကောင်းဆုံး ရပ်တည်ထားနိုင်ခဲ့တဲ့ သူတွေပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်တွေမဆို သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်ချက်တွေကြောင့် အောင်မြင်မှုတွေရရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ညီထွဋ်ခေါင် နဲ့ ဆုမြတ်နိုးဦး တို့ ကတော့ ပရိသတ်တွေအတွက် ချစ်ခင်ရမယ့် သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။

Photo & Video Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ & Hsu Myat Noe Oo
Photo & Video Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ & Hsu Myat Noe Oo

လတ်တလောမှာ သူတို့ သူငယ်ချင်း နှစ်ယောက်ကတော့ ကပ်ရောဂါ တိုက်ဖျက်ရေး အချိန်ကာလလေးမှာ အနုပညာအလုပ်တွေကို ခဏတာရပ်နားထားခဲ့ရပြီး ယခုဆိုရင်တော့ ကြော်ငြာရိုက်ကူးမှုတွေကို စတင်လုပ်ကိုင်နေရပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် ညီထွဋ်ခေါင် နဲ့ ဆုမြတ်နိုးဦး တို့သူငယ်ချင်းတွေကတော့ အမြဲလိုလို ပရိသတ်တွေ ရယ်မောပျော်ရွှင်သွားစေဖို့အတွက် ဟာသ ဗီဒီယိုလေးတွေလည်း တင်ပေးတာကိုတွေ့ ရပါတယ် ။ ယခုမှာဆိုရင်တော့ သူငယ်ချင်းတွေနဲ့ အတူတူ ညစာစားရင်း ရယ်စရာလေးတွေပြောကာ စနောက်ထားတဲ့ အခွီး ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်နော်။

Photo & Video Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ & Hsu Myat Noe Oo
Photo & Video Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ & Hsu Myat Noe Oo

ဒီဗီဒီယိုလေး ထဲမှာတော့ အခြားအနုပညာရှင် သူငယ်ချင်း မောင်နှမတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် စကားတွေပြောကာ တစ်ယောက်နဲ့တစ်ယောက် စနောက်ခဲ့တဲ့ ပျော်ရွှင်စရာ Live ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးတွေကို ပရိသတ်တွေလည်း ကြည့်ရှုရင်း အပျော်တွေ ကူးစက်သွားစေလောက်မယ်လို့ ထင်ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ သူငယ်ချင်းတွေ စုံစုံလင်လင် နဲ့ စနောက်ကာ ပျော်ရွှင်စရာကောင်းလောက်တဲ့ ညီထွဋ်ခေါင် နဲ့ ဆုမြတ်နိုးဦး တို့ သူငယ်ချင်း နှစ်ယောက်ရဲ့ အခွီး ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ & Hsu Myat Noe Oo

Source -N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ & Hsu Myat Noe Oo's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။