photo credit - DREAMHACK

Astralis cs:go team က player တစ်ဦးဖြစ်တဲ့ dupreeh ရဲ့နာမည်အရင်းကတော့ Peter Rothmann Rasmussen ဖြစ်ပြီး သူဟာ Denmark နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

birth date ကတော့ 1993 ခုနှစ် 3 လပိုင်း 26 ရက်နေ့ဖြစ်တာကြောင့် dupreeh ဟာ အခုဆိုရင် အသက် 27 နှစ်ကျော်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

ိdupreeh cs:go pro teams တွေမှာကစားခဲ့တာကတော့ 2012 ခုနှစ် 9 လပိုင်းလောက်ကဖြစ်ပြီး 3DMAX မှာစတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

၎င်းအသင်းမှာတော့ dupreeh ဟာ 3လ ကျော်ကျော်လောက်သာကစားခဲ့ပြီး 2013 ခုနှစ် 1 လပိုင်း 12 ရက်နေ့မှာ flux ကိုပြောင်းရွှေ့ခဲ့ပါတယ်။

်flux မှာတော့ dupreeh ဟာ ရက်ပိုင်းလောက်သာကစားခဲ့ပြီး 2013 ခုနှစ် 1 လပိုင်း 18 ရက်နေ့မှာ Copenhagen Wolves ကိုပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းအသင်းမှာကစားနေရင်းနဲ့ 2013 ခုနှစ် 12 လပိုင်း 8 ရက်နေ့အရောက်မှာတော့ dupreeh ဟာ uber G33KZ ကိုပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းအသင်းမှာကစားနေရင်းနဲ့ 2014 ခုနှစ် 2 လပိုင်း 16 ရက်နေ့မှာတော့ dupreeh ဟာ Team Dignitas ကိုပြောင်းရွှေ့ခဲ့ပြီး 2015 ခုနှစ် 1 လပိုင်း 25 ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက် 2015 ခုနှစ် 1 လပိုင်း 29 ရက်နေ့မှာတော့ dupreeh ဟာ Team SoloMid ကိုပြောင်းရွှေခဲ့ပြီး 2015 ခုနှစ် 12 လပိုင်း 3 ရက်နေ့ထိကစားပြီးနောက် ? (Danish team) ကိုပြောင်းရွှေ့ခဲ့ပါတယ်။

အဲ့ဒီနောက် 2016 ခုနှစ် 1 လပိုင်း 18 ရက်နေ့မှာတော့ dupreeh ဟာ Astralis ကိုပြောင်းရွှေ့လာခဲ့ပြီး rifler (entry fragger) role နဲ့ ယနေ့ထက်ထိကစားနေဆဲပဲဖြစ်ပါတယ်။

dupreeh အနေနဲ့ Astralis မှာကစားလာတာဟာ လက်ရှိအချိန်ထိဆိုရင် 4 နှစ်ကျော်တောင်ရှိနေပြီဖြစ်ပြီး Astralis မှာအကြာဆုံးကစားတဲ့ player ဖြစ်နေပြီပဲဖြစ်ပါတယ်။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။