ပရိတ်သတ်ကြီးရေ......အရွယ်တင်နုပျိုလှပနေပြီး အနုပညာလောကမှာအချိန်အတော်ကြာရပ်တည်အောင်မြင်နေတဲ့သူလေးကတော့ မင်းသမီးချောလေးနန်းစုရတီစိုးပါ။ သူမဟာ မေမေဆူလိမ့်မယ်သီချင်းနဲ့ပရိတ်သတ်အားပေးမှုရရှိလာခဲ့ပြီး ဗီဒီယိုဇာတ်ကားများ ရုပ်ရှင်ကားများပါရိုက်ကူးအောင်မြင်နေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။


Photo Credit-Nansu Yati Soe's Facebook acc
Photo Credit-Nansu Yati Soe's Facebook acc

နန်းဆုရတီစိုးဟာ အသံချိုချိုအေးအေးလေးနဲ့လည်း ပရိတ်သတ်တွေကိုဖမ်းစားနိုင်တဲ့သူလေးဖြစ်တာကြောင့် သူမရဲ့သီချင်းလေးတွေဟာဆိုရင်လည်း ပရိတ်သတ်တွေကြားမှာရေပန်းစားနေတာပဲဖြစ်ပါတယ်။ ဒါ့ပြင်နန်းဆုဟာအပြုံးချိုချိုလေးတွေနဲ့ ပရိတ်သတ်တွေအပေါ်မှာလည်း ဖော်ဖော်ရွေရွေဆက်ဆံတတ်တဲ့သူလေးဖြစ်တာကြောင့် ပရိတ်သတ်ချင်ခင်အားပေးမှုအများအပြားရရှိထားတာလည်းဖြစ်ပါတယ်။


Photo Credit-Nansu Yati Soe's Facebook acc
Photo Credit-Nansu Yati Soe's Facebook acc

နန်းဆုဟာ မကြာသေးမီအချိန်ကလည်း မြန်မာပြည်ကြီးထဲမှာဆိုတဲ့ သီချင်းတစ်ပုဒ်ကိုလည်းထွက်ရှိထားတာဖြစ်ပြီးပရိတ်သတ်အားပေးမှုရရှိထားတာပါ။ နန်းဆုဟာပရိတ်သတ်တွေနဲ့လည်း ရင်းရင်းနှီးနှီးနေတတ်တဲ့သူလေးဖြစ်ပြီး မကြာသေးမီကလည်းသူမရဲ့ Facebookစာမျက်နှာမှာ "အစီအစဉ်လေးအနေနဲ့ နန်းဆု ဟိုးအရင်ထဲက ခုထိ အမှတ်တရအနေနဲ့ သိမ်းဆည်းခဲ့တဲ့ အဝတ်အစားတစ်ထောင်ကျော်ကို ပရိသတ်တွေကိုအမှတ်တရပေးဖို့အတွက် ပြင်ဆင်ခဲ့တဲ့မှတ်တမ်းvideo လေးပါ" ဆိုပြီးရေးသားကာဗီဒီယိုလေးတစ်ခုကိုတင်ပေးလာပါတယ်။ ကဲ.....ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Photo Credit-Nansu Yati Soe's Facebook acc
Photo Credit-Nansu Yati Soe's Facebook acc

Source-Nansu Yati Soe's Facebook acc

Photo Credit-Nansu Yati Soe's Facebook acc

Video Credit-Nansu Yati Soe's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။