ယခုနှစ်ဘောလုံးရာသီတွင် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ချယ်ဆီးအသင်းနဲ့အတူ အင်္ဂလန်ပရီးမီးယားလိဂ်အမှတ်ပေးဖလားရရှိခဲ့သည့် ကွင်းလယ်လူကန်တီအနေဖြင့် PSGကသူ့အားကမ်းလှမ်းခဲ့သည်ကိုဖွင့်ဟခဲ့သည်။
ကွင်းလယ်လူကန်တီအနေဖြင့် ၂၀၁၅-၁၆ဘောလုံးရာသီတွင် လက်စတာစီးတီးအသင်းနဲ့အတူ အင်္ဂလန်ပရီးမီးယားလိဂ်အမှတ်ပေးဖလားရရှိခဲ့ပြီး ချယ်ဆီးအပြင် PSGကပါ သူ့ကို ကမ်းလှမ်းခဲ့ရာ ကန်တီက ချယ်ဆီးကိုသာပြောင်းရွှေ့ခဲ့သည်။
ကန်တီက PSG ကိိုငြင်းဆန်ခဲ့သည့်အတွက် နောင်တမရကြောင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ကွင်းလယ်လူကန်တီသည် ချယ်ဆီးအသင်းနဲ့အတူ အင်္ဂလန်ပရီးမီးယားလိဂ်အမှတ်ပေးဖလားသာမက PFAကပေးသည့်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုပါရရှိခဲ့သည်။
Hein
သတင်းအရင်းမြစ် Daily Mail
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။