မော်ဒယ်၊သရုပ်ဆောင် မင်းသမီးချောလေး ဧငြိမ်းဖြူကတော့ ကက်ဆက်ခွေဇာတ်လမ်းလေးတွေနဲ့ လူသိများအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံခြားသူလေးတစ်ယောက်လို ဖြူဖွေးဝင်းဥပြီး ချစ်စရာကောင်းလွန်းတဲ့ ဧငြိမ်းဖြူက ဘိုမရုပ်လေးလို့တောင် ထင်မှတ်ရတာ ဖြစ်ပါတယ်။ ဧငြိမ်းဖြူက သရုပ်ဆောင်တော်သလို အကလည်းတော်ပြီး Dancer တစ်ဦးအဖြစ် အကဗီဒီယိုတွေပါ ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ်။

Photo Credit-A Nyein Phyu's FB Acc
Photo Credit-A Nyein Phyu's FB Acc
Photo Credit-A Nyein Phyu's FB Acc

ခေတ်ပေါ်အကကို ကျွမ်းကျင်ပိုင်နိုင်စွာ ကတတ်တဲ့ ဧငြိမ်းဖြူကတော့ ယောက်ျားလေးပရိသတ်တွေရဲ့အားပေးမှုကိုသာမက မိန်းကလေးပရိသတ်တွေရဲ့ချစ်ခင်မှုကိုပါ ရရှိနေတာ ဖြစ်ပါတယ်။ ပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ်လေးနဲ့ အဆီပိုမရှိဘဲ ချပ်ရပ်လှပနေတဲ့ ဧငြိမ်းဖြူကတော့ ဘာဝတ်ဝတ် လိုက်ဖက်တင့်တယ်နေတာ ဖြစ်ပါတယ်။ အခုလည်း ဧငြိမ်းဖြူက ပရိသတ်တွေအချစ်ပိုသွားစေမယ့် သူမရဲ့ Tik Tok ဗီဒီယိုလေးတွေကို မျှဝေပေးထားပါတယ်။

Photo Credit-A Nyein Phyu's FB Acc
Photo Credit-A Nyein Phyu's FB Acc
Photo Credit-A Nyein Phyu's FB Acc & Htet Aung

ဧငြိမ်းဖြူကတော့ အမိုက်စားပုံစံလေးတွေနဲ့ ကကွက်တွေမထပ်သွားရအောင် တစ်မျိုးပြီးတစ်မျိုး အပီအပြင်ကပြထားတာပဲ ဖြစ်ပါတယ်။ ခပ်မိုက်မိုက်လေးကပြပြီး Tik Tok ကစားထားတဲ့ ဧငြိမ်းဖြူကတော့ အသည်းယားစရာကောင်းလောက်အောင် လှနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်အတွက် မင်းသမီးချောလေး ဧငြိမ်းဖြူရဲ့အလန်းစား Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-"A Nyein Phyu - ဧငြိမ်းဖြူ" FB Page  

Photo Credit-A Nyein Phyu's FB Acc
Photo Credit-A Nyein Phyu's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။