ဝါရင့်မင်းသားချောလေးရန်အောင်ကတော့ ယနေ့အချိန်ထိ အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ မင်းသားချောလေးတစ်လက်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့တဲ့ ရန်အောင်ကတော့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : Yan Aung 's facebook acc
photo credit : Yan Aung 's facebook acc

ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာအပြင် ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ ရန်အောင်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ယနေ့အချိန်ထိခန့်ချောကြီးချောနေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ယခုမှာတော့ ရန်အောင်တစ်ယောက် အနုပညာအလုပ်တွေကို အချိန်အတော်ကြာအတူတွဲလုပ်လာခဲ့ပြီး ခင်မင်ရင်းနှီးရတဲ့ မေသန်းနုရဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်ကို မွေးနေ့ဆုတောင်းပေးထားခဲ့ပါတယ်။

photo credit : Yan Aung 's facebook acc
photo credit : Min Thant Mg Mg 's facebook acc

ရန်အောင်ကတော့ ယခုမှာ အရမ်းချစ်ကြတဲ့ မေသန်းနုတို့သားအမိကိုကြည့်ပြီး ပီတိတွေဖြစ်ကာ မွေးနေ့ဆုတောင်းပေးနေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေရဲ့ ရှေ့ကို ချပြလာခဲ့ပါတယ်။ ရန်အောင်ကတော့ " မင်္ဂလာပါဗျာ့"ဒီနေ့ မဆင့်နဲ့ သားသား တို့ ကျွန်တော့်အိမ်လာလည်ကြတယ်အမှတ်တရအဖြစ် ပျော်ရွှင်ကြည်နူးရတဲ့ နေ့လေးပါဘဲ. " ဆိုပြီး အဆိုပါဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

source: Yan Aung 's facebook acc

photo credit : Min Thant Mg Mg 's facebook acc
photo credit : Zin Yaw Mg Mg 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။