ပရိသတ်ကြီးရေ အဆိုတော် အာဘွိုင်းကတော့ မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်လို့ ပရိသတ်တွေက အကြိုက်တွေ့နေကြတာပါနော်။ လိုက်ဖက်တဲ့သူတို့်နှစ်ယောက်က အမြဲလူမှုကွန်ယက်စာမျက်နှာထက်မှာ လှုပ်ရှားမှုပုံရိပ်တိုင်းကို မျှဝေပေးလေ့ရှိသူပဲဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ သိပ့်မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုတွေက ဆက်လက်ရှိနေဆဲပဲဖြစ်ပါတယ်.........။

Photo credit - Kyaw Phyo Tun's FB account
Photo credit - Kyaw Phyo Tun's FB account

ဒါ့အပြင် မြတ်ရတနာကျော်က သူမနဲ့ တူပြီး ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေး Scarlettလေးကိုလည်း မွေးဖွားထားပါသေးတယ်။ သာယာပျော်ရွှင်စရာကောင်းတဲ့ သူမတို့ မိသားစုလေးကို ပရိသတ်တွေက အချစ်ပိုနေကြတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် သမီးလေး နှစ်ယောက်ကိုလည်း မြတ်ရတနာကျော်က သမီးအရင်းလေးလို ချစ်ခင်ကြင်နာမှုပေးတာကိုလည်း တွေ့ရပါတယ်။ သူမတို့ မိသားစုဘဝလေးက သာယာချမ်းမြေတဲ့ မိသားစုဘဝေလေးပါနော်.........။ 

Photo credit - Kyaw Phyo Tun's FB account
Photo credit - Kyaw Phyo Tun's FB account

ယနေ့မှာတော့ အာဘွိုင်းက သမီးလေး ဂျူးဂျူးရယ် ချစ်ရတဲ့ ဇနီးချောလေး မြတ်ရတနာကျော်နဲ့အတူ အမှတ်တရဓာတ်ပုံရိုက်ကူးပြီး ကြည်နှုးပျော်ရွှင်နေတဲ့ ပုံလေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလာတာပဲဖြစ်ပါတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေ အာဘွိုင်းတို့ မိသားစုပုံလေးကိုကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်........။

Photo credit - Kyaw Phyo Tun's FB account
Photo credit - Kyaw Phyo Tun's FB account
Photo credit - Kyaw Phyo Tun's FB account
Photo credit - Kyaw Phyo Tun's FB account

Photo credit - Kyaw Phyo Tun's FB account

Source - Kyaw Phyo Tun's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။