ပရိသတ်ကြီးရေ အကယ်ဒမီများရှင် မင်းသမီးကြီး မေသန်းနု(မဆင့်)ကတော့ တခေတ်တခါထဲက အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်စွာရပ်တည်ခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်ရင်ထဲ ထိုးဖောက်ဝင်ရောက်လာနိုင်တဲ့ သူပါ။ မဆင့်က ငွေကြေးလိမ်လည်မှုနဲ့ စွတ်စွဲပြောဆိုခံရပြီး ထောင်ဒဏ်ကျသင့်ခဲ့တာကြောင့် အနုပညာရှင်တွေကသာမကပဲ ပရိသတ်တွေကပါ စိတ်မကောင်းဖြစ်နေကြတာလည်း ဖြစ်ပါတယ်.။ ဇူလှိုင်လ ၁ရက်နေ့မှာတော့ မဆင့်က အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်....။ 

Photo credit - Zin Yaw Mg Mg's FB account
Photo credit - Zin Yaw Mg Mg's FB account
Photo credit - Zin Yaw Mg Mg's FB account
Photo credit - Zin Yaw Mg Mg's FB account

သားနဲ့ ခင်ပွန်းဖြစ်သူကလည်း မဆင့်လွတ်မြောက်လာတဲ့အတွက် ဝမ်းသာလို့နေတာကိုလည်း တွေ့ရပါတယ် ။

အမေချစ်တဲ့ သားလေး မင်းသန့်မောင်မောင်ကတော့ မိဘတွေရဲ့ အနုပညာအမွေကို ဆက်ခံနေသူဖြစ်ပြီး ပရိသတ်အားပေးမှုကိုလည်း များစွာရရှိထားသူလည်း ဖြစ်ပါတယ်။ ယနေ့ ဇူလှိုင်လ (၃)ရက်နေ့ကတော့ မင်းသန့်မောင်မောင်ရဲ့ ပျော်ရွှင်စရာ မွေးနေ့လေးပဲဖြစ်ပါတယ်......။ 

Photo credit - Zin Yaw Mg Mg's FB account
Photo credit - Zin Yaw Mg Mg's FB account
Photo credit - Zin Yaw Mg Mg's FB account
Photo credit - Zin Yaw Mg Mg's FB account

ကျရောက်တဲ့ မွေးနေ့လေးမှာ မိဘတွေနဲ့အတူ ကုသိုလ်ကောင်းမှူ အလှူတွေကို ပြုလုပ်နေတာလည်း တွေ့ရပါတယ်။ မကြာသေးမီအချိန်က လူမှုကွန်ယက် စာမျက်နှာထက်မှာ မိသားစုတွေရေစက်ချ အလှူပြုနေတဲ့ ပုံရိပ်လေးကို အဖေဖြစ်သူ ဇင်ရော်မောင်မောင်က မျှဝေလါတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက ကြည်နူးစရာကောင်းလွန်းနေတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။

Photo credit - Zin Yaw Mg Mg's FB account
Photo credit - Zin Yaw Mg Mg's FB account
Photo credit - Zin Yaw Mg Mg's FB account
Photo credit - Zin Yaw Mg Mg's FB account
Photo credit - Zin Yaw Mg Mg's FB account
Photo credit - Zin Yaw Mg Mg's FB account
Photo credit - Zin Yaw Mg Mg's FB account
Photo credit - Zin Yaw Mg Mg's FB account

Photo credit - Zin Yaw Mg Mg's FB account

Source - Zin Yaw Mg Mg's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။