မင်းသားချော မြင့်မြတ်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ဦးပဲ ဖြစ်ပါတယ် ။ မြင့်မြတ်က သဘောမနောကောင်းပြီး အားလုံးအပေါ်မှာ ဖော်ဖော်ရွေရွေ ဆက်ဆံတတ်တာကြောင့်လည်း လူချစ်လူခင်ပေါများနေတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ မြင့်မြတ်က ချစ်ရတဲ့ဇနီးချော၊သားလေးတို့နဲ့အတူ ပြီးပြည့်စုံတဲ့ ကိုယ်ပိုင်မိသားစုဘဝကို တည်ဆောက်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Myat Wai Tun's FB Acc
Photo Credit-Myat Wai Tun's FB Acc
Photo Credit-Myat Wai Tun's FB Acc

အခုချိန်အထိ အနုပညာအလုပ်တွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေတဲ့ မြင့်မြတ်က သူချစ်ရတဲ့မိသားစုလေးကိုလည်း အချိန်ပြည့် ဂရုစိုက်ပေးနေတာ ဖြစ်ပါတယ် ။ အခုတော့မြင့်မြတ်တို့က ချစ်ဇနီးနဲ့သားလေးကိုခေါ်ပြီး အပြင်ထွက်ကာ လူစုံတက်စုံနဲ့ညစာစားရင်း ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ် ။ ကြည်နူးစရာကောင်းတဲ့ မြင့်မြတ်တို့မိသားစုလေးကတော့ သားလေးကြောင့် ပိုပိုပြီးပြုံးပျော်နေရတာလည်း ဖြစ်ပါတယ် ။

Photo Credit-Myat Wai Tun's FB Acc
Photo Credit-Myat Wai Tun's FB Acc
Photo Credit-Myat Wai Tun's FB Acc

တစ်နေ့တခြားဆိုသလို ဖေဖေမြင့်မြတ်နဲ့ပိုတူလာတဲ့ သားလေးကို ပရိသတ်တွေက ဂျူနီယာမြင့်မြတ်လေးလို့တောင် ချစ်စနိုးခေါ်ဝေါ်ကြတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း မြင့်မြတ်က ညစာထွက်စားရင်းနဲ့တောင် ချစ်စရာကောင်းတဲ့ သူ့ရဲ့သားလေးကိုလက်မချနိုင်အောင်ချီထားပြီး အချစ်တွေပိုနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ကြည်နူးအားကျချင်စရာကောင်းတဲ့ မြင့်မြတ်တို့မိသားစုလေးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Myat Wai Tun's FB Acc

Photo Credit-Myat Wai Tun's FB Acc
Photo Credit-Myat Wai Tun's FB Acc
Photo Credit-Myat Wai Tun's FB Acc
Photo Credit-Myat Wai Tun's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။