တိရစ္ဆာန်လေးတွေကို သွားရောက်လှူဒါန်းကျွေးမွေးခွင့်ရလို ့ပျော်ရွှင်နေတဲ့ ရဲလေး

ပရိသတ်ကြီးတွေ အားပေးကြတဲ့ အဆိုတော်ရဲလေးဟာ ဂီတအနုပညာခရီးလမ်းကို ပုံမှန်လေးလျှောက်လှမ်းနေပြီး မကြာသေးခင်ကလည်း

ပညာပေးဇာတ်လမ်းတိုလေးတစ်ပုဒ်ကို ရိုက်ကူးဖြစ်ခဲ့ပါတယ်။

သီချင်းအသစ်တွေကို ကြိုးစားလုပ်ဆောင်နေတဲ့ ရဲလေးဟာ လှော်ကားဥယျာဉ်ကို သွားရောက်ပြီး တိရစ္ဆာန်လေးတွေကို လှူဒါန်းကျွေးမွေးဖြစ်ခဲ့တာကို

အခုလိုပဲ လူမှုကွန်ရက်စာမျက်နှာကနေ ပြောပြထားပါတယ်။

“ဒီနေ ့ ကျွန်တော်နဲ ့့Yelavious admin တွေနဲ ့

အချိန်လေးရတုန်း လှော်ကားဥယျာဉ်မှာ

မျောက်ကလေးတွေအပါအဝင်

အခြားသတ္တဝါတွေအားလုံးအတွက်သွားရောက်လှူဒါန်းကျွေးမွေးခဲ ့ပါတယ်။ လူတွေကျွေးမှသူတို ့့စားရတာလေ။ ဘာပဲပြောပြောပျော်တယ် ဗျာ။

နောက်ပိုင်းမှာဒီထက်ပို ပျော်ဖို ့ကောင်းတာတွေကို fans တွေအားလုံးနဲ ့လုပ်ဖို ့ပဲဆက်တိုက်ရှိတယ်” လို ့ပြောပြသွားခဲ့တာဖြစ်ပါတယ်။

ကုသိုလ်အလှူလုပ်ရင်းပျော်နေတဲ့ ရဲလေးရဲ ့ပုံရိပ်တွေကိုတော့ ပရိသတ်ကြီးက အခုလိုပဲတွေ ့မြင်နိုင်ပါတယ်။ 

သတင်းအရင်းမြစ် Ye Tun Min fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။