ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင်အိအိတုန်ကတော့ လတ်တလောမှာဆိုရင် အနုပညာအလုပ်တွေလည်းခေတ္တရပ်နားထားရတာကြောင့် အွန်လိုင်းပေါ်မှာ ပျော်ပျော်ရွှင်ရွှင် ဈေးရောင်းနေတာပဲဖြစ်ပါတယ်။သူမရဲ့အပြောအဆိုလေးတွေနဲ့ သဘောကောင်းဖော်ရွေမှုလေးတွေကြောင့် ပရိသတ်တွေကချစ်နေရပြီး သူမရောင်းသမျှပစ္စည်းလေးတွေကိုလည်း အကြိတ်အနယ်အားပေးကြပါတယ်။

Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account

အိအိတုန်က နောက်ထပ်ရင်သွေးလေးကိုလည်း လွယ်ထားရတာဖြစ်ပြီး မကြာတော့မယ့်အချိန်မှာ မိသားစုဝင်အသစ်တိုးတော့မှာဖြစ်ပါတယ်။အိအိတုန်ရဲ့ သမီးချောလေးကလည်း တစ်နေ့တစ်ခြားပိုပိုချစ်ဖို့ကောင်းလာပြီး လိမ္မာရေးခြားရှိတဲ့ကလေးလေးဖြစ်ပါတယ်နော်။ပရိသတ်တွေကတော့ အိအိတုန်တို့မိသားစုလေးကို ချစ်ကြလို့ အမြဲစောင့်ကြည့်အားပေးကြပါတယ်။

Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account

အိအိတုန်တို့မိသားစုလေးက သာယာနွေးထွေးပြီး ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း အိအိတုန်က"ဘဝမှာပျော်ရွှင်စရာတွေပြည့်နေတယ်ဆိုမင်းယုံမလား အရမ်းပျော်လို့ပါ"ဆိုပြီး မိသားစုပုံလေးတွေကို မျှဝေလာတာဖြစ်ပါတယ်။အိအိတုန်တို့မိသားစုလေးက အေးအေးချမ်းချမ်းနဲ့အပူအပင်ကင်းလို့ ပရိသတ်တွေကအားကျနေရတဲ့ မိသားစုလေးဖြစ်ပါတယ်နော်။

Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account

Source&Photo Credit:Ei Ei Tone's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။