ပရိသတ်ကြီးရေ မင်းသမီးချောလေး ခန့်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အချိန်အတိုတွင်း ရပ်တည်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် မင်းသမီး ခန့် ဟာ စကားပြောရင်လည်းတစ်မျိုးလေးချစ်စရာကောင်းသလို သွယ်လျကျစ်လျစ်တဲ့ သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး ပြစ်ချက်မရှိ လှရက်လွန်းနေတဲ့ သူလေးပဲဖြစ်ပါတယ်။ ခန့်ဟာ ကြော်ငြာတွေအပြင် ရုပ်သံဇာတ်လမ်းတွဲထဲမှာပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝ ရရှိထားတာဖြစ်ပါတယ်......။

Photo credit - Khant 's FB page
Photo credit - Khant 's FB page

ခန့်ကတော့ ပရိသတ်တွေရဲ့ အထူးအားပေးခြင်းကို ခံခဲ့ရတဲ့ " အချစ်ဖွဲ့လေညင်း " ရုပ်သံဇာတ်လမ်းတွဲလေးထဲမှာလည်း အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ခန့် ကတော့ နေ့စဉ် ဆိုသလို tik tok ဗီဒီယိုလေးတွေအပြင် သူမရဲ့ ပုံရိပ်လေးတွေကိုလည်း လက်ရှိမှာ ပရိသတ်တွေအတွက် အမြဲဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာလည်း ခန့် က တောင်ပေါ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်ကို သွားရောက်လည်ပတ်နေတာပါနော်........။

Photo credit - Khant 's FB page
Photo credit - Khant 's FB page

မကြာသေးမီအချိန်က ခန့်က သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ ချစ်စရာကောင်းပိုစ့်လေးတွေနဲ့အတူ ချယ်ရီပန်းလေးကို ကိုင်ကာဓာတ်ဖမ်းထားတဲ့ ပိုစ့်လေးတစ်ခုကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေအပြင် ခန့်က " ချယ်ရီပန်းလေးတွေရှိတဲ့ အေးချမ်းတဲ့ တောင်ပေါ်မြို့လေးကို လွမ်းမိတယ်" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေ မင်းသမီးချောလေး ခန့်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်.........။

Photo credit - Khant 's FB page
Photo credit - Khant 's FB page

Source & Photo credit - Khant 's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။