ဒီနေ့ခေတ်မှာ မိန်းကလေးတွေဝတ်စားသလို ယောကျာ်းလေးတွေကလည်း ဝတ်စားလေ့ရှိသလို မိန်းကလေးများကလည်း ယောကျာ်းလေးတွေနဲ့တန်းတူ ရင်ဘောင်တန်းနေတဲ့ ခေတ်ဖြစ်နေပါတယ်။

ကောင်လေးချောချောလေးဆိုပြီး စပ်စုမိလိုက်ရင် သူက လိင်တူချစ်ကြိုက်နေတဲ့သူရှိတာမျိုး ၊ 6 Pack ရှိတဲ့ ဗလတောင့်တောင့် ကြည့်ကောင်းတဲ့အကိုကြီးဆိုပြီး ကြွေလိုက်မယ်ကြံရင် Gay ဖြစ်နေတတ်တာမျိုးုတွေ နိုင်ငံတကာမှာ ရှိတာ ကြားဖူးမြင်ဖူးကြမှာပါ။ ဒါ့ကြောင့် မိန်းကလေးများအနေနဲ့ ကိုယ့်ချစ်သူကောင်လေးအကြောင်းကို သူများတွေပြောမှ သိတာထက် ကိုယ်တိုင်သိထားတော့ ကြိုပြီးရှောင်လို့ရတာပေါ့။ သူက Gay တစ်ယောက် ဟုတ်မဟုတ် (တစ်လွဲမတွေးနဲ့နော်) ဆိုတာ သူနဲ့ကိုယ်တွဲနေစဉ် ဒီအချက်လေးတွေရှိနေလားဆိုတာ အကဲခတ်ကြည့်လိုက်နေ်ာ။

သင့်ရဲ့ချစ်သူက စကားစမြည်ပြောတိုင်းလိုလို Lesbian နဲ့ Gay တွေအကြောင့် အကြီးအကျယ်ဆွေးနွေးရတာ သဘောကျပုံရပါသလား။

သင်က ဒီ LGBT အကြောင်းအရာခေါင်းစဉ်ကို စကားဦးမသန်းပေမယ့် သူကတော့ ဒီအကြောင်းတွေပြောရတာ ကြိုက်တဲ့ပုံပေါ်နေတယ်ဆိုရင်တော့ သတိထားလေ့လာသင့်ပါပြီ။ သူတို့က သင် သတိထားလေ့လာမှာကို သိနေတာကြောင့်လည်း LGBT မုန်းတီးရေးဝါဒီတစ်ယောက်အဖြစ် ဟန်ဆောင်တတ်ကြပါသေးတယ်နော်။

သင့်အနေနဲ့ Fashion ကိုလေ့လာလိုက်ရင်လည်း သင့်ရဲ့ချစ်သူက ဘာလဲဆိုတာ အလွယ်တကူ သိနိုင်ပါသေးတယ်။ Gay တွေမှာ သူမတူတဲ့ Style မျိုးစုံရှိပါတယ်။ သူတို့တွေဟာ သာမာန်ယောက်ျားလေးတွေထက် Fashion နဲ့ အလှအပရေးရာကို ပိုစိတ်ဝင်စားကြပြီး ပိုပြီး Smart ဖြစ်အောင် နေတတ်တဲ့ သဘောမှာရှိကြပါတယ်။ ဒါဟာ Gay တွေရဲ့ ပင်ကိုယ်အရည်အချင်းပါပဲ။ 

ဒါကြောင့် သင့်ရဲ့ချစ်သူက မိန်းကလေးတွေရဲ့ မိတ်ကပ်ပြင်ဆင်မှုကအစ အဝတ်အစားရွေးချယ်ဝတ်ဆင်ရာမှာပါ အလေးထားဝေဖန်တတ်တဲ့သူတစ်ယောက် ဒါမှမဟုတ် သင့်ကို တခြားမိန်းကလေးတွေထက် လန်းအောင် သူကိုယ်တိုင် တခုတ်တရ ဆင်ယင်ပေးတတ်တဲ့ချစ်သူတစ်ယောက်လား။ ဒါ့အပြင် သူ့မှာ သင့်ထက်တောင် Cosmetic နဲ့ Skincare တွေအများအပြားရှိနေတတ်လား။ ဒီအချက်တွေ တစ်ခုခုနဲ့ ညှိနေမယ်ဆိုရင်တော့ သင့်အတွက် စဉ်းစားစရာတွေရှိလာပါပြီ။

နောက်တစ်ချက်ကတော့ အပြင်အတူတူသွားတဲ့အခါတွေမှာ လေ့လာကြည့်လို့ရပါတယ်။ လောကသဘာဝပါပဲနော်။ Straight ဆိုတာနဲ့ သူစိတ်ဝင်စားရမှာက မိန်းကလေးပါပဲ။ သင်နဲ့ကော်ဖီဆိုင်ထိုင်နေလည်း သူက ယောက်ျားလေးကိုပဲ စိတ်ဝင်စားတယ်။ ယောက်ျားလေးတွေကိုပဲ ကြည့်တယ်။ ယောက်ျားလေးတွေအကြောင်းကိုပဲ စိတ်ဝင်တစားပြောဖြစ်ကြတယ်ဆိုရင်တော့ သူဟာ သူ့ရဲ့ချစ်သူမိန်းကလေးနဲ့တောင် တခြားယောက်ျားလေးအကြောင်း စကားဖောင်ဖွဲ့ပြောလို့ရတဲ့ စိတ်သဘောထားပြည့်ဝတဲ့ အမျိုးသားမဟုတ်နိုင်ပါဘူး။ သူက Gay တစ်ယောက်သာ ဖြစ်နိုင်ပါတယ်။

သင့်ရဲ့ချစ်သူရဲ့ Idol က ဘယ်သူလဲဆိုတာကိုလည်း လေ့လာခြင်းအားဖြင့် သင့်ရဲ့ချစ်သူက Straight or Gay ခန့်မှန်းလို့ရပါသေးတယ်။ သင့်ရဲ့ချစ်သူကြိုက်တဲ့ နိုင်ငံခြားရုပ်ရှင်မင်းသားက ဘယ်လိုပုံစံမျိုးလဲ။ သူက ရုပ်ရှင်မင်းသမီးတွေကိုရော စိတ်ဝင်စားရဲ့လား။ ဟောလိဝုဒ်မင်းသမီးတွေရဲ့ အမိုက်စားဘော်ဒီကောက်ကြောင်းတွေထက် မင်းသားတွေရဲ့ Six Packs ကိုပဲ ပိုကြိုက်တာလား။ ဒါတွေကလည်း သင့်အတွက် အရေးပါတဲ့မေးခွန်းတွေဖြစ်လာမှာပါ။

သူ့ကို သင့်ရဲ့သူငယ်ချင်းအပေါင်းအသင်းတွေကြားရော ခေါ်သွားဖြစ်ပါသလား မေးချင်ပါတယ်။ ညပါတီတွေ၊ ပျော်ပွဲစားတွေပြီးသွားတဲ့အချိန်မှာ သူအပေါ်ပေးတဲ့မှတ်ချက်တွေထဲမှာ သူဟာ သင့်ရဲ့သူငယ်ချင်းမိန်းကလေးတွေရဲ့ မှတ်ချက်နဲ့ယောက်ျားလေးတွေရဲ့ မှတ်ချက်မှာ ဘယ်သူတွေရဲ့မှတ်ချက်ကို ပိုအလေးထားသလဲ။ Straight သာဆိုရင်တော့ မိန်းကလေးတွေရဲ့မှတ်ချက်ကိုပဲ ပိုစိတ်ဝင်စားမှာနော့်။

တကယ်လို့ သင့်ရဲ့ချစ်သူဟာ Gay အမှန်စင်စစ်ဖြစ်နေမယ်လို့ သင်တထစ်ချထင်နေပြီဆိုရင်တော့ ချစ်တင်းနှောဖို့ တောင်းဆိုကြည့်စေချင်ပါတယ်။ သူတို့ဟာ သင့်ရဲ့တောင်းဆိုမှုကို ချော့တစ်လှည့်မြူတစ်ခါလုပ်ပြီး အလိမာနည်းနဲ့ ­­ငြင်းဆိုမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ သေချာပါပြီ။ စိတ်မကောင်းပေမယ့် သင် Cover Girl ဖြစ်နေပါပြီ။

သင့်ရဲ့ချစ်သူက မမျှော်လင့်ထားပေမယ့် သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် Gay ဖြစ်နေမယ်ဆိုရင် အကောင်းဆုံးအကြံပြုချက်ကတော့ လမ်းခွဲလိုက်ဖို့ပါပဲ။ သူဟာ သင့်ကို သူ့ကိုယ်သူ Gay ဖြစ်နေတာကို လူတွေအမြင်ပန်းလှအောင် ကာကွယ်ချင်လို့ သင့်ကို Cover Girl အဖြစ် တွဲနေတာအပြင် တခြားဘာအကြောင်းပြချက်မှ ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် အဲဒီအစား သူနဲ့လမ်းခွဲလိုက်ဖို့သာ သင့်စိတ်ကိုယ်သင် ပြင်ဆင်သင့်ပါတယ်။ စိတ်ကို အေးအေးလေးထားပါ။ အရာအားလုံးအကောင်းဆုံးဖြစ်အောင်ရော လူတွေအမြင်မစောင်းအောင်ရော သင်ကြိုးစားရပါလိမ့်မယ်။ နောက်ပြီး Straight တစ်ယောက်ကို ထပ်ရှာဖို့သာ သင် အသင့်အနေအထားပြင်ဆင်လိုက်ပါတော့။

အဲဒီအတွက်ကြောင့်လည်း အေးအေးဆေးဆေးဘယ်လိုလမ်းခွဲရမလဲဆိုတာကို ဆက်ကြည့်လိုက်ကြရအောင်။

အကြောင်းတစ်ခုခုပြပါ။ ရုပ်ရှင်ဆန်ချင်ဆန်နေပါလိမ့်မယ်။ ဒါပေမယ့် “နင်က Gay ဖြစ်နေလို့ အဆင်မပြေတော့ဘူး” လို့ သွားပြောမှာလား။ လုံးဝနိုးပါနော်။ အဲဒီ့အစား “စာပဲလုပ်ချင်သေးလို့” ဆိုတဲ့ ရှေးရိုးဆန်ပြီး ပျင်းဖို့ကောင်းတဲ့ အကြောင်းပြချက်တစ်ခုခုကတောင် ပိုအဆင်ပြေနိုင်ပါတယ်။

ရှောင်နေလိုက်ပါ။ သူဖုန်းဆက်ရင် မကိုင်တော့တာမျိုး၊ သူ့ကိုတွေ့ခွင့်တစ်စုံတစ်ရာမပေးတော့တာမျိုးတွေဆိုလည်း အဆင်ပြေပါတယ်နော်။ သင့်ဖက်က ရှောင်ခွာရှောင်ခွာလုပ်နေမှန်း သူသိလာရင် အလိုလိုသဘောပေါက်ပြီး လမ်းခွဲလိုက်ရနိုင်ပါတယ်။

Feel မလာလို့ မချစ်တော့ကြောင်း ပြောပါ။ အပေါ်က လမ်းခွဲနည်းတွေနဲ့ အဆင်မပြေတဲ့သူတွေဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပဲ Feel မလာလို့ မချစ်တော့ဘူးလို့ ပြောလိုက်ပါ။ (ဒါပေမယ့် နင်က Gay ဖြစ်နေလို့ဆိုတာတော့ မပါစေနဲ့ပေါ့နော်) အဲဒီ့စကားအတွက်လည်း သူ့ဘက်က ခံစားရမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက သင့်ကို မချစ်လို့ပါပဲ။ သူ စိတ်ဝင်စားတာက တခြားယောက်ျားလေးတွေပါ။

ကဲ မိန်းကလေးတွေအနေနဲ့လည်း ရည်းစားလေးတစ်ယောက်လောက်ရပြီဆိုရင်တော့ ဒီအတိုင်းပစ်မထားပဲ အခုလို LGBT ယဉ်ကျေးမှု တရှိန်ထိုး ထွန်းကားနေတဲ့ခေတ်ကြီးမှာ သင့်ချစ်သူလေးကို Gay လေးများဖြစ်နေမလား ဒါမှမဟုတ် တကယ်တကယ့် Straight ကြီးပဲလားဆိုတာကို သိရအောင် အကဲခတ်ဖို့ လုံးဝမေ့မနေကြပါနဲ့လို့ အထူးအထူး သတိပေးချင်ပါတယ်နော်။ 

သတင်းအရင်းမြစ် moda

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။