ပရိတ်သတ်ကြီးရေ.....beauty bloggerတစ်ယောက်အနေနဲ့ ပရိတ်သတ်တွေစတင်သတိထားမိလာပြီးအားပေးချစ်ခင်မှုရရှိထားတဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ social influencerတစ်ယောက်အနေနဲ့လည်း အောင်မြင်စွာရပ်တည်နေနိုင်တဲ့သူတစ်ဦးဖြစ်ပြီး အနုပညာလောကဘက်ထိပါအောင်မြင်မှုတွေရရှိလာတဲ့သူတစ်ဦးဖြစ်ပါတယ်။
နေခြည်ဦးဟာ ကြော်ငြာတွေ music videoတွေလည်းရိုက်ကူးရုံသာမက မင်းသမီးတစ်ယောက်အနေနဲ့ပါရုပ်ရှင်ကားကြီးတွေရိုက်ကူးထားတာဖြစ်ပါတယ်။ သူမပါ၀င်သရုပ်ဆောင်ထားတဲ့ ဧည့်သည်၊အခမ်းနားဆုံးမေတ္တာစတဲ့ ရုပ်ရှင်ကားကြီးတွေဟာဆိုရင်လည်း ပရိတ်သတ်အားပေး၀န်းရံမှုအပြည့်အ၀ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတွေဖြစ်ပါတယ်နော်။
နေခြည်တို့မိသားစုလေးဟာဆိုရင်လည်း မောင်နှမတွေသိုက်သိုက်၀န်း၀န်းနဲ့ ပျော်စရာကောင်းတဲ့မိသားစုလေးပါ။ နေခြည့်ရဲ့မိခင် အန်တီဆွေဟာလည်း တိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်တဲ့သူဖြစ်ပြီး သူမတို့မိသားစုဟာ စိမ်းလဲ့တင် resortကိုလည်းဖွင့်လှစ်ထားတာဖြစ်ပါတယ်။ မကြာသေးမီက နေခြည်ဟာ သူမရဲ့ Facebookစာမျက်နှာတွင် "တိရစ္ဆာန် ချစ်တတ်တဲ့ မေမေ့အတွက်ဖေဖေက တိရစ္ဆာန်ရုံ လက်ဆောင်ပေးထားတယ်" ဆိုတဲ့ captionလေးနဲ့ စိမ်းလဲ့တင်မှာရိုက်ကူးထားတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ.....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။