ပရိသတ်ကြီးရေ ကိုပေါက်ကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားနေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ကိုပေါက်က ဟာသ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်သလို ကဗျာရေး ဇာတ်ညွှန်းရေးတဲ့ ဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့အတွက် အနုပညာရှင်အချင်းချင်းကပါ အားပေးချစ်ခင်ရတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ ကိုပေါက်က အနုပညာလောကမှာ ဆယ်စုနှစစ်တစ်ခုကြာလောက်အထိရပ်တည်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း အခိုင်အမာရရှိထားတဲ့ သူတစ်ယောက်ပါနော်.....။

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

ကိုပေါက်က လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ကိုရိုနာဗိုင်းရပ်ရောဂါကိစ္စလေးတွေကြောင့် ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ဆောင်နေပြီး ပရိသတ်နေနဲ့ အဆက်အသွယ်မပြတ်ရအောင် လှုပ်ရှားမှုပုံရိပ်တိုင်းကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ အမြဲဖော်ပြပေးလျက်ရှိနေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကြည့်ရှုသူတိုင်း ဘဝရဲ့ အမောတွေပြေပျောက်စေဖို့အတွက် ကိုယ်ပိုင်စိတ်ကူးဉာဏ်လေးတွေနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း မကြာခဏဆိုသလို တင်ပေးလေ့ရှိနေတာလည်းဖြစ်ပါတယ်........။

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

ယနေ့မှာတော့ ကိုပေါက်က ပရိသတ်တွေ မရယ်ပဲ မနေနိုင်လောက်အောင် မိန်းကလေးဝတ်စုံလေးနဲ့ ရိုက်ကူးထားတဲ့ Tiktokဗီဒီယိုဖိုင်လေးကို ဖေ့ဘွတ်စာမျက်နှာထက်မှာ တင်ပေးလာတာပဲဖြစ်ပါတယ်။ ဆရာမေးသမျှကို ခပ်သွက်သွက်ပဲဖြေရမယ့်လို့ မှာထားတဲ့အတွက် စကားနားထောင်ကာ ဘာမေးမေးခပ်သွက်သွက်ပဲ ပြန်ဖြေပြီး ရယ်မောသွားရလောက်အောင် ရိုက်ကူးထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုပြီး တစ်နေ့တာရဲ့ အမောတွေပြေပျောက်စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.........။

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

Photo credit - Aung Min Naing's FB account

Source - Aung Min Naing's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။