ပရိသတ်တွေရဲ့ အချစ်တွေကို အမိုက်စားတေးသီချင်းကောင်းလေးတွေနဲ့ သိမ်းပိုက်ထားပြီး အောင်မြင်ကျော်ကြားတဲ့ ပြည်သူ့အချစ်တော်လေးအဖြစ် ရပ်တည်နေသူလေးကတော့ ချစ်စရာကောင်းတဲ့အဆိုတော်မလေး မိစန္ဒီပဲ ဖြစ်ပါတယ်နော်..။

လူငယ်အကြိုက် သီချင်းကောင်းလေးတွေကို အမြဲဖန်တီးတတ်ပြီး ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အောင်မြင်မှုတွေရရှိထားပြီး ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ စိတ်သဘောထားလေးကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေကြတာပါ..။


Photo Credit - Mi Sandi's Fb Page
Photo Credit - Mi Sandi's Fb Page

ပရိသတ်အချစ်တော်လေး မိစန္ဒီကတော့ Show ပွဲတွေမှာဝတ်တဲ့ သူမရဲ့ပွဲတက်အင်္ကျီတွေကို အတန်ဆုံးဈေးနှုန်းတွေနဲ့ ပရိသတ်တွေဆီ ပြန်လည်ရောင်းချပြီး လှူဒါန်းမှုတွေ ပြုဠုပ်သွားမယ့် အစီအစဉ်လေးကို ပြောပြလာပါတယ်နော်..။

အင်္ကျီတစ်ထည်ကို Show ပွဲတွေမှာ တစ်ခါ နှစ်ခါပဲဝတ်ပြီး ရိုက်ကူးရေးတွေမှာလည်း တစ်ခါပဲဝတ်ကာ ထပ်မဝတ်တဲ့ အင်္ကျီတွေကို အတန်ဆုံးဈေးတွေနဲ့ ရောင်းပြီး သူမနဲ့အတူ ပရိသတ်လည်း ကုသိုလ်ရအောင် ကျောင်းတွေနဲ့ မိဘမဲ့ကလေးတွေကိုလည်း လှူတဲ့ အကြောင်းလေးတွေကို ပြောပြထားတာပါ..။


Photo Credit - Mi Sandi's Fb Page
Photo Credit - Mi Sandi's Fb Page

“ဈေးနှုန်းက အရမ်းတန်တယ် တစ်သိန်းနီးပါးရှိတဲ့ အင်္ကျီတွေဆိုလည်း တစ်သောင်းလောက်နဲ့ပဲ ရောင်းတယ် နှစ်သောင်းသုံးသောင်း အင်္ကျီတွေဆိုရင် သုံးထောင် လေးထောင်နဲ့ ပရိသတ်တွေလည်း ဝယ်ပျော်တယ် လူငယ်ပရိသတ်တွေအတွက် တက်နိုင်တဲ့ ဈေးလည်း ဖြစ်တယ် အပျော်ပေါ့ မိစန္ဒီကို ချစ်တဲ့ပရိသတ်တွေလည်း အမှတ်တရဝယ်လို့ ရသလို တကယ်မိုက်ချင်လို့ ဝယ်ရင်လည်း ရတယ် တကယ်ဝယ်ပျော်တယ်လေ ပထမဦးဆုံးအကြိမ်မှာ အထည်နှစ်ရာနီးပါးရောင်းတယ် နှစ်ရက်ကျော် သုံးရက်အတွင်းမှာပဲ လေးငါးထည်ပဲ ကျန်တော့တယ် အရမ်းတန်တော့ ပရိသတ်တွေလည်း စက္ကန့်ပိုင်းအတွင်းကို ပို့စ်တင်တာနဲ့ ဝယ်ကြတယ် အရမ်းပျော်ပါတယ်..” ဆိုပြီး မိစန္ဒီက ပြောပြထားတာ ဖြစ်ပါတယ်နော်..။

နောက်ပိုင်းတွေမှာလည်း သူမရဲ့အင်္ကျီတွေအပြင် အခြားအနုပညာရှင်သူငယ်ချင်းတွေရဲ့ အင်္ကျီတွေကိုလည်း ရောင်းပေးမှာဖြစ်ပြီး ရေရှည်လုပ်သွားမယ့် သူမရဲ့အစီအစဉ်လေးအကြောင်း ပြောပြထားတဲ့ မိစန္ဒီရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Mi Sandi's Fb Page
Photo Credit - Mi Sandi's Fb Page

Photo Credit - Mi Sandi's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။