အကယ်ဒမီတွေအများကြီးကိုလက်ဝယ်ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောထက်ထက်မိုးဦးဟာဆိုရင် အနုပညာလောကမှာ တစ်ခေတ်ကတည်းကရပ်တည်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။အခုချိန်မှာဆိုရင်လည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့လုပ်ဆောင်နေဆဲဖြစ်တဲ့ ထက်ထက်က ပရိသတ်တွေရဲ့အချစ်များစွာကိုလည်း ရရှိနေဆဲဖြစ်ပါတယ်နော်။ထက်ထက်မိုးဦးက အခုချိန်ထိလည်း အရွယ်တင်နုပျိုနေဆဲဖြစ်ပြီး ဟိုးအရင်တုန်းကလိုမျိုးအလှအပတွေနဲ့ ကျက်သရေရှိစွာလှပနေတာဖြစ်ပါတယ်။

Photo Credit:Het Htet Moe Oo's Facebook Page
Photo Credit:Het Htet Moe Oo's Facebook Page
Photo Credit:Het Htet Moe Oo's Facebook Page

ထက်ထက်က မိဘအပေါ်မှာလည်း သိတတ်လိမ္မာတဲ့သမီးလေးဖြစ်လို့ ဖခင်အပေါ်မှာလည်း လိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးတာပါနော်။ထက်ထက်ရဲ့ ဖခင်ကတော့ သွေးတိုးပြီးလေဖြတ်သွားတာကြောင့် ဆေးရုံတင်ထားရတာ တစ်လရှိပြီဖြစ်ပြီး အခုချိန်မှာဆိုရင်တော့ ပြန်လည်သက်သာလာပြီဖြစ်ပါတယ်။ထက်ထက်တို့ မောင်နှမတွေကလည်း ဖေဖေ့ရဲ့ဘေးမှာ အချိန်ပြည့်နေပြီး ဂရုတစိုက်နဲ့ပြုစုယုယပေးကြတာဖြစ်ပါတယ်နော်။ထက်ထက်ကတော့"ဆေးရုံမှာတစ်လပြည့်လုနီးကြာပြီအဖေလည်းသက်သာလာတာတွေ့ရတော့သမီးပင်ပန်းရကျိုးနပ်ပါပြီ..လွန်ခဲ့တဲ့၇နှစ်ခန့်က ischaemic heart disease ဖြစ်တော့သွေးကြော၂ချောင်းချဲ့ရတယ်အချိန်မှီအသက်ကယ်လို့ရခဲ့တယ်,အခုလဲပြန်သက်သာလာအောင်သမီးကြိုးစားခွင့်ရခဲ့တယ်

Photo Credit:Het Htet Moe Oo's Facebook Page
Photo Credit:Het Htet Moe Oo's Facebook Page
Photo Credit:Het Htet Moe Oo's Facebook Page

အဖေလည်းအဖေ့ရဲ့သီလနဲ့ကျွန်မကိုချစ်တဲ့သူတွေဝိုင်းပီးဆုတောင်းပေးကြတဲ့တွက်အဖေသက်သာလာတာ ကျွန်မဘဝဘယ်လိုပဲဖြစ်ဖြစ်ဘာအခက်အခဲနဲ့ရင်ဆိုင်ရရင်ဆိုင်ရအားလုံးအဆင်ပြေပါတယ်ကျွန်မဘဝမှာကျွန်မရဲ့အသက်ချွေးနည်းစာနဲ့ဘုရားတည်ကျောင်းဆောက်ဘုန်းကြီးကျောင်းတွေစာသင်ကျောင်းတွေရဟန်းတွေဘုရားအမကျောင်းအမအဖြစ်လှူဒါန်းခဲ့ရတယ်ဘယ်သူအပေါ်မဆိုလည်း တတ်နိုင်တဲ့ဘက်ကလိုက်ရောကူညီပေးခဲ့တာတွေများကြီးနဲ့သေမယ်ဆိုကျမခုသေပျော်နေပါပြီ..."ဆိုပြီး သူမရဲ့အပျော်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Het Htet Moe Oo's Facebook Page
Photo Credit:Het Htet Moe Oo's Facebook Page
Photo Credit:Het Htet Moe Oo's Facebook Page

Source&Photo Credit:Het Htet Moe Oo's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။