ပရိသတ်အချစ်တော် မင်းသမီးချောလေး နေခြည်ဦးကတော့ သရုပ်ဆောင် အလုပ်သာမက Beauty Blogger အဖြစ်နဲ့ပါ အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ ပုံစံလေးဟာလည်း မြင်ရသူတိုင်းကို မချစ်ဘဲမနေနိုင်အောင်ကို ဖမ်းစားထားနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ချီချီဟာ အနုပညာလောကကို ဝင်ရောက်လာတာ မကြာသေးပင်မယ့်လည်း သူမရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် နေရာတစ်နေရာကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

Photo Crd - Nay Chi Oo's Facebook Account
Photo Crd - Nay Chi Oo's Facebook Account
Photo Crd - Nay Chi Oo's Facebook Account

ချီချီဟာ မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကို ပိုမိုရရှိထားတာပဲ ဖြစ်ပြီး မိန်းကလေးတွေ လိုအပ်တဲ့ အလှအပရေးရာဆိုင်ရာ လိုအပ်ချက်တွေကို အမြဲလိုလို ဝေမျှပေးလေ့ ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ချီချီတစ်ယောက် မိသားစုပိုင်ဆိုင်တဲ့ စိမ်းလဲ့တင်ကို အပန်းဖြေသွားရောက် လည်ပတ်ခဲ့သေးတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ ပရိသတ်တွေကို Vlog Video လေးတွေသာ ဝေမျှတင်ဆက်ပေးနေတာလည်း ဖြစ်ပါတယ်။ 

Photo Crd - Nay Chi Oo's Facebook Account
Photo Crd - Nay Chi Oo's Facebook Account
Photo Crd - Nay Chi Oo's Facebook Account

ချီချီဟာ ကျန်းမာရေးအတွက် လည်း အားကစားတွေ အမြဲတမ်း လေ့ကျင့်နေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ Facebook story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ကန်ချက်ပြင်းပြင်းနဲ့ သဲအိတ်ကို ထိုးကာ လေ့ကျင့်ခန်းလုပ်နေတဲ့ ချီချီရဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ချီချီကတော့ အားကစားတွေ အမြဲလေ့ကျင့်နေတာကြောင့်လည်း အမြဲကျန်းမာလန်းဆန်းနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ချီချီရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Nay Chi Oo's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။