ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပီပြင်ကောင်းမွန်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အချိန်တိုအတွင်း ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားကြတဲ့ အနုပညာရှင်တွေထဲမှာ MRTV-4 မင်းသမီးချောလေး မေမီကိုကိုကလည်း အပါအဝင်ပါပဲ..။

မင်းသမီးချောမေမီကိုကိုကတော့ ဇာတ်ကားတွေတော်တော်များများ ရိုက်ကူးထားကာ လတ်တလောမှာ ထုတ်လွှင်ပြသနေတဲ့ “ဂျီယောသူ” ဇာတ်ကားမှာလည်း ညိုထွေးလေးအဖြစ် ပရိသတ်တွေကို သဘောကျစေဦးမှာပါနော်..။


Photo Credit - May Mi Ko Ko's Fb Account
Photo Credit - May Mi Ko Ko's Fb Account

အောင်မြင်တဲ့ သရုပ်ဆောင်အဖြစ် ဇာတ်လမ်းတွဲတွေများစွာ ရိုက်ကူးထားပြီး ချစ်တဲ့ပရိသတ်တွေရဲ့အားပေးဝန်းရံမှုတွေအပြင် ဝေဖန်မှုတွေကြောင့်လည်း စိတ်မကောင်းဖြစ်ရတဲ့အကြောင်းလေးကိုလည်း မေမီက ပြောပြလာပါတယ်နော်..။

“ဝေဖန်မှုတွေကို အရင်တုန်းကတော့ အရမ်းခံစားရပါတယ် ကိုလူပျိုကို စလွှင့်တုန်းကတော့ အရမ်းအပြောခံရတယ်ပေါ့နော် ပြောလည်း ပြောချင်စရာပါပဲ အဲ့တုန်းကတော့ ရုပ်ရည်နဲ့ ပတ်သက်ပြီး ရစရာမရှိဘူး အပြောခံရတယ် အခုအချိန်ထိ အဲ့အပြောကတော့ မလွတ်သေးပါဘူး မြင်ရတိုင်းတော့ တော်တော်ဝမ်းနည်းတယ်ပေါ့ နောက်ပိုင်းကျတော့ ပြောတာတော့ ပြောမှာပေါ့ဆိုပြီး စိတ်ကိုထားလိုက်တယ် ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းကို ပြင်ဆင်တယ် ပြီးတော့ သရုပ်ဆောင်ပိုင်း ကိုယ့်ရဲ့အရည်အချင်းကို ကိုယ့်ရုပ်လို မကျသွားအောင် ကြိုးစားပြီးတော့ သရုပ်ဆောင်ပါတယ် မေမီကိုကြည့်ရင် ရုပ်ပိုင်းဆိုင်ရာခဏမေ့ထားပြီး ကာရိုက်တာကိုပဲ ကြည့်ပေးပါလို့ မေတ္တာရပ်ခံပါတယ်..” ဆိုပြီး ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး သူမရဲ့ခံစားချက်လေးကို ပြောပြထားတာပါ..။


Photo Credit - May Mi Ko Ko's Fb Account
Photo Credit - May Mi Ko Ko's Fb Account

“ချစ်တဲ့လူတွေကတော့ လှတယ်လို့ မြင်တယ်ပေါ့နော် ကိုယ့်ကိုကိုယ် ချစ်တဲ့ထဲလည်း ပါတယ် အဲ့တော့မှန်ကြည့်တိုင်း ကိုယ့်ကိုကိုယ် လှတယ်လို့ မြင်တယ် အဲ့တော့ ကျန်တဲ့လူကြိုက်တာ မကြိုက်တာထက် ကိုယ့်မျက်နှာကိုယ်ကြိုက်တယ် သရုပ်ဆောင်ပိုင်းမှာ ကိုယ့်ဘက်က တာဝန်ကျေဖို့ အရေးကြီးတယ် ရုပ်ရည်ထက် သရုပ်ဆောင်ပိုင်းကိုလည်း ပိုပြီးတော့ ဦးစားပေးဖြစ်တယ်..” ဆိုပြီးတော့လည်း သူမရဲ့ခံယူချက်လေးကိုလည်း ပြောပြထားပါသေးတယ်..။

လူတိုင်းမှာ ပြည့်စုံခြင်းတရားမရှိဘဲ ဘယ်လောက်ချောတဲ့လူပဲ ဖြစ်ဖြစ် အားနည်းချက်ရှိတဲ့အကြောင်းလေးတွေကိုပါ ပြောပြထားတဲ့ မေမီရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - May Mi Ko Ko's Fb Account
Photo Credit - May Mi Ko Ko's Fb Account

Photo Credit - May Mi Ko Ko's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။