အကယ်ဒမီမင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ သူမရဲ့ကိုယ်ပိုင်အရည်အသွေးနဲ့ အောင်မြင်မှုတွေကို အရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အနုပညာရှင်မျိုးရိုးကဆင်းသက်လာတာကြောင့် စိုးပြည့်လေးရဲ့အနုပညာအရည်အသွေးကလည်းပြည့်ဝပြီး ချစ်အစ်မတွေရဲ့ ခြေရာကို တစ်ထပ်တည်းလိုက်နင်းနိုင်ပါတယ်နော်။စိုးပြည့်တို့စိုးညီအစ်မတွေကတော့ အောင်မြင်မှုကိုယ်စီနဲ့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။

Photo Credit:မင်းသမီးပိုးထည်တိုက် Facebook Page
Photo Credit:မင်းသမီးပိုးထည်တိုက် Facebook Page
Photo Credit:မင်းသမီးပိုးထည်တိုက် Facebook Page

စိုးပြည့်လေးက ချစ်အစ်မကြီးတွေနဲ့အတူ "မင်းသမီးပိုးထည်တိုက်"ဆိုင်လေးကို စုပေါင်းဖွင့်လှစ်ထားပြီး သူမအားတဲ့အချိန်တိုင်းမှာ ဆိုင်မှာသွားထိုင်ပေးပါတယ်နော်။စိုးညီအစ်မတွေက တစ်ခါတစ်လေလည်း Live လွှင့်ပြီး ရယ်စရာမောစရာတွေပြောကာ ပျော်ပျော်ပါးပါးဈေးရောင်းကြပါသေးတယ်။ပရိသတ်တွေကတော့ သူတို့ညီအစ်မတွေကိုချစ်လွန်းလို့ သူမတို့ရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး အားပေးနေကြတာဖြစ်ပါတယ်နော်။

Photo Credit:မင်းသမီးပိုးထည်တိုက် Facebook Page
Photo Credit:မင်းသမီးပိုးထည်တိုက် Facebook Page
Photo Credit:မင်းသမီးပိုးထည်တိုက် Facebook Page

စိုးပြည့်လေးကလည်း အရမ်းစိတ်ထားဖြူစင်ပြီး စကားပြောတာလေးကအစ နူးညံ့သိမ်မွေ့တဲ့သူလေးပါနော်။အလှအပဆိုရင်လည်း ရိုးရိုးလေးနဲ့ မြင်သူတိုင်းကိုရင်အေးသွားစေတဲ့ အလှလေးဖြစ်ပါတယ်။အခုဆိုရင်လည်း မင်းသမီးပိုးထည်တိုက်က ဒီဇိုင်းလေးကို ဝတ်ဆင်ထားပြီး ရိုးရိုးလေးနဲ့လှပနေကာ ကျက်သရေအဖြာဖြာနဲ့ပြည့်စုံနေတာပါနော်။ပရိသတ်ကြီးလည်း စိုးပြည့်လေးရဲ့ ချစ်စရာပုံလေးတွေကို ကြည့်ပြီး ပိုချစ်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:မင်းသမီးပိုးထည်တိုက် Facebook Page
Photo Credit:မင်းသမီးပိုးထည်တိုက် Facebook Page
Photo Credit:မင်းသမီးပိုးထည်တိုက် Facebook Page

Source&Photo Credit:မင်းသမီးပိုးထည်တိုက် Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။