ပရိသတ်ကြီးရေ ဇာတ်ပို့ ၊ ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ ပြည်သူတွေရဲ့ အချစ်တော် သရုပ်ဆောင် ညောင်ညောင် ကိုတော့ သိကြမယ်ထင်ပါတယ်။ ညောင်ညောင် ဟာဆိုရင် ဟာသ ဇာတ်ရုပ်တွေနဲ့ အနုပညာလောကမှာ အကောင်းဆုံးလျှောက်လှမ်းပြီး ပရိသတ်တွေ ရဲ့ အချစ်တွေကို အပြည့်အဝ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ညောင်ညောင် ဟာ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာ ဇာတ်ရုပ်တွေကိုလည်း ပီပြင်သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ ရပါတယ်။

Photo Credit - Nyi Nyi Hlaing
Photo Credit - Nyi Nyi Hlaing

ညောင်ညောင် ဟာ အနုပညာအလုပ်တွေကို အရင်ကထပ် မလုပ်တော့ပေမယ့် ဖြည်းဖြည်းမှန်မှန် နဲ့ ပရိသတ်တွေနဲ့ အဆက်သွယ် မပြတ်သွားအောင် လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ လတ်ရှိမှာတော့ သာယာပျော်ရွှင်တဲ့ မိသားစုလေးနဲ့ ကပ်ရောဂါ ကာလလေးမှာ အေးအေးချမ်းချမ်း နေ့သစ်တွေကို ဖြတ်သန်းနေထိုင်နေတာပဲဖြစ်ပါတယ်။ ယခုတော့ ညောင်ညောင်တို့ မိသားစုလေးကတော့ အပန်းဖြေခရီးတစ်ခုအနေနဲ့ ကရင်ပြည်နယ် ဘားအံကို ရောက်ရှိတာဖြစ်ပြီး သူတို့ မိသားစု လေးရဲ့ ခရီးသွားပုံံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်နော်..။

Photo Credit - Nyi Nyi Hlaing
Photo Credit - Nyi Nyi Hlaing

ဒီပုံလေးတွေထဲမှာတော့ ညောင်ညောင် က ချစ်ရတဲ့ မိသားစု နဲ့ အတူ ဘားအံ မှာရှိတဲ့ အထင်ကရ ဘုရားကိုတွေ လျှောက်လည် ဖူးမျှော်နေတဲ့ ပုံရိပ်လေတွေပဲဖြစ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင် မိသားစုလိုက် အပန်းဖြေ ခရီးတွေ ထွက်နေတဲ့ ညောင်ညောင်တို့ မိသားစု လေးကိုလည်း ပရိသတ်တွေလည်း ကြည်နူးစရာဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ ကဲ...ချစ်ပရိသတ်ကြီး ကရင်ပြည်နယ်၊ ဘားအံ ကို အပန်းဖြေခရီးအဖြစ် ရောက်ရှိနေတဲ့ ညောင်ညောင် တို့ မိသားစု ပုံရိပ်လေးတွေကို ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Nyi Nyi Hlaing
Photo Credit - Nyi Nyi Hlaing

Photo Credit - Nyi Nyi Hlaing

Source - Nyi Nyi Hlaing's facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။