မိတ်ကပ်ဖန်တီးရှင်လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေသူကတော့ မိတ်ကပ် လင်းလင်းပဲ ဖြစ်ပါတယ်။ လင်းလင်းဟာ မိတ်ကပ်ဖန်တီးရှင်တစ်ယောက်အနေနဲ့သာမကဘဲ သရုပ်ဆောင်ဘက်သို့ ကူးပြောင်းရာတွင်လည်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပွင့်လင်းရိုးသားတဲ့ စိတ်ထားလေးကြောင့်လည်း ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာလည်း ဖြစ်ပါတယ်။ 

လင်းလင်းဟာ ကြော်ငြာလေးတွေ ရိုက်ကူးရရုံသာမကဘဲ ပွဲအခမ်းအနားများလည်း တက်ရောက်ပေးနေရတာပဲ ဖြစ်ပါတယ်။ သူမရဲ့ မိတ်ကပ်လိမ်းခြယ်မှုတွေကိုလည်း အနုပညာရှင်များသာမက မိန်းကလေးပရိသတ်များကပါ ကြွေနေရတာလည်း ဖြစ်ပါတယ်။ လင်းလင်းဟာ မကြာခဏဆိုသလို Tik Tok လေးတွေ ဆော့ကစားလေ့ရှိပြီး သူမရဲ့ ဗီဒီယိုလေးတွေဟာလည်း ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစား လူကြိုက်များနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ 

ဒါကတော့ သီချင်းလေးဆိုနေတဲ့ ဖြိုးမြတ်အောင်ရဲ့အနားကိုကပ်ပြီး အိုင်တင်မျိုးစုံနဲ့ သရုပ်ဆောင်နေတဲ့ လင်းလင်းရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ လင်းလင်းဟာ လတ်တလောမှာတော့ မင်းသမီးချောလေးတွေကို မိတ်ကပ်လိမ်းခြယ်ပြင်ဆင်ပေးနေရတာပဲဖြစ်ပြီး မကြာခင်မှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရုံတင်ပြသဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် လင်းလင်းနဲ့ ဖြိုးမြတ်အောင်တို့ရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Lin Lin's Facebook and Tik Tok Account

@linlinn7

♬ original sound - Pma & Agni Fan Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။