အဆိုတော်သရုပ်ဆောင်ဆုပန်ထွာကတော့ သားချောလေးတစ်ယောက်ကိုမွေးဖွားထားပြီး အရမ်းချစ်တတ်တဲ့ခင်ပွန်းကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဆုပန်ထွာရဲ့ ချစ်ခင်ပွန်း ကိုဥက္ကာကျော်က အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသပြီး သားလေးကိုလည်းအရမ်းချစ်သလို ချစ်ဇနီးကိုလည်း စိတ်ချမ်းသာအောင်အမြဲထားပေးပါတယ်နော်။ဆုပန်ထွာတို့မိသားစုလေးက သာယာပျော်ရွှင်ခြင်းအပြည့်ရှိလို့ အားကျဖို့ကောင်းတဲ့မိသားစုလေးပဲဖြစ်ပါတယ်။

Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account

ဆုပန်ထွာက လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး မိသားစုအတွက်လည်း တာဝန်ကျေပြွန်တဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ပါတယ်။လတ်တလောမှာဆိုရင် ကိုဥက္ကာကျော်က အောင်ဆန်းရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ပထမအဆင့်ရွေးချယ်ခံထားရတာဖြစ်ပါတယ်။ဆုပန်ထွာကလည်း ချစ်ခင်ပွန်းကို အောင်ဆန်းရုပ်ရှင်မှာ တစ်ထောင့်တစ်နေရာကနေပါဝင်အားဖြည့်ပေးဖို့အတွက် ခွင့်ပြုထားတာဖြစ်ပါတယ်နော်။

Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account

အခုဆိုရင်တော့ ကိုဥက္ကာကျော်က သားလေးနဲ့အတူ ပဲခူးကို ခရီးထွက်သွားပြီး "ဖေ့သားလေး ပဲခူးလိုက်လာတော့ သူပျော်နေရှာတာ..မာမားတော့ပါမလာရှာဘူး။အဓိပ္ပါယ်မရှိတဲ့ အတားအဆီး အခက်အခဲတွေရှိတိုင်းမိသားစုလေးကို ပိုတန်ဖိုးထားပြီး ပိုချစ်မိသွားတာတော့ အမှန်ပဲ"ဆိုကာ သားအဖနှစ်ယောက်ပျော်နေကြတဲ့ ပုံလေးတွေကို မျှဝေလာတာဖြစ်ပါတယ်။Roar Roar လေးကလည်း ဖေဖေနဲ့နှစ်ယောက်တည်းခရီးသွားရလို့ ပျော်နေတဲ့ပုံလေးက အရမ်းချစ်ဖို့ကောင်းလှပါတယ်နော်။

Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account

Source&Photo Credit:Okkar Kyaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။