ပရိသတ်ကြီးရေ မင်းသမီးချောလေး ပိုးအိအိ ခန့် ကတော့ အနုပညာလောကမှာ ဗီဒီယိုခေတ်ကာလ ထဲက စတင်လျှောက်လှမ်းခဲ့တဲ့ ပြည်သူချစ် အနုပညာရှင်ပဲဖြစ်ပါတယ်။ လတ်ရှိမှာတော့ ပိုးအိအိ ခန့် က မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ဖြစ်တဲ့ အောင်သူနဲ့ အတူ ပျော်ရွှင်စရာ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့အပြင် ချစ်စရာကောင်းတဲ့ သားလေး သဲကိုးလေးကလည်း တစ်နေ့တခြား ဝဝ ကစ်ကစ်လေးနဲ့ မြင်သူတိုင်း ချစ်အားပိုနေရတာ ဖြစ်ပါတယ်။

Photo Credit - Poe Ei Ei Khant
Photo Credit - Poe Ei Ei Khant

ချစ်စရာ သဲကိုးလေးကတော့ ယခုဆိုရင် တစ်နှစ်ပြည့်ဖို့ လပိုင်းမျှသာ လိုတော့တာဖြစ်ပြီး ဖေဖေ ၊ မေမေ တို့ ရဲ့ အသည်းကျော်လေး ပဲဖြစ်ပါတယ်။ မေမေ ပိုးအိအိခန့် ကတော့ သူမကို ချစ်တဲ့ ပရိသတ်တွေကိုလည်း သားလေး သဲကိုးလေးကို ချစ်အားပိုစေဖို့ အတွက် နေ့စဉ် အမြဲဆိုသလို ပုံလေးတွေကို တင်ပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာလည်း မေမေ ပိုးအိအိ ခန့် က သဲကိုးလေး ရဲ့ ချစ်စရာကောင်းလောက်တဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပြန်ပါပြီးနော်..။

Photo Credit - Poe Ei Ei Khant
Photo Credit - Poe Ei Ei Khant

ဒီပုံလေးတွေထဲမှာတော့ သဲကိုးလေး က ဘောလုံးကွင်းထဲမှာ ဆော့ကစားနေတာကိုလေးကို မေမေ ပိုးအိအိခန့် ချစ်မဝဖြစ်နေရှာတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေ နဲ့လည်း မေမေ ပိုးအိအိခန့် က " ချစ်လွန်းလို့ ဘယ်လို လုပ်ရမလဲကို မသိဘူး ဖုန်းထဲမှာ လည်း သူ့ပုံကြီးပဲ " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ပါးဖောင်းဖောင်းလေးတွေနဲ့ ဘောလုံးကွင်းလေးထဲမှာ ဆော့ကစားနေတဲ့ ပိုးအိအိခန့် သားလေး သဲကိုးလေး ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Poe Ei Ei Khant
Photo Credit - Poe Ei Ei Khant

Photo Credit - Poe Ei Ei Khant

Source - Poe Ei Ei Khant's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။