ပရိသတ်ကြီးရေ ကိုပေါက် ကတော့ အနုပညာနယ်ပယ်မှာ ဆယ်စုနှစ်လောက်က ဇာတ်ပို့ ၊ ဇာတ်ရံ တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့ကာ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကြောင့် နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုဆိုရင် ဒါရိုက်တာ တစ်ယောက်အနေဖြင့် ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ဖန်တီးရိုက်ကူးနေပြီး အောင်မြင်မှုတွေကို ရယူသိမ်းပိုက်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ သူ့ရဲ့ ရုပ်ရှင်ဇာတ်ကြီးတွေကလည်း ပရိသတ်တွေရဲ့ အထူးအားပေးမှုကို အခိုင်မာရရှိနေတဲ့ ဇာတ်ကားကောင်းတွေပဲဖြစ်ပါတယ်။ 

Photo Credit - တင်ကိုထွန်း(pro studio)
Photo Credit - တင်ကိုထွန်း(pro studio)

မကြာခဏဆိုရင်လည်း ကိုပေါက်ကတော့ အိမ်မှာနေရင်း ပရိသတ်တွေ ရယ်မော်ပျော်ရွှင်စေဖို့အတွက် ဟာသ tik tok ဗီဒီယိုလေးကိုလည်း ဖော်ပြပေးလေ့ရှိပါတယ်။ လတ်တလော မှာတော့ ကိုပေါက်တော့ မိသားစုလေးကတော့ အလည်အပတ်အနေနဲ့ မန္တလေးကို ရောက်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ယခုတစ်ခါမှာတော့ ကိုပေါက်ကတော့ ပရိသတ်တွေ အားကျသွားစေလောက်မယ့် ကြည်နူးစရာ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - တင်ကိုထွန်း(pro studio)
Photo Credit - တင်ကိုထွန်း(pro studio)

ဒီပုံလေးတွေထဲမှာတော့ ကိုပေါက်က မိသားစုလေးနဲ့ ရွှေဝါရောင်ဝတ်စုံဆင်တူလေးတွေ ဝတ်ထားကာ ကြည်နူးစရာကောင်းလောက်အောင် ရိုက်ထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ကိုပေါက်က " မင်္ဂလာနံနက်ခင်းမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အလုပ်အကိုင် အခွင့်အလန်းများ တိုးတက်ကြီးပွါးကြပါစေ"ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ကြည်နူးစရာ ကောင်းလောက်တဲ့ ကျက်သရေ ရှိရှိ အမြင်အေးချမ်းစေတဲ့ ကိုပေါက် တို့ မိသားစု ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - တင်ကိုထွန်း(pro studio)

Source - Aung Min Naing's facebook Page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။