ပီပြင်လွန်းတဲ့ အိုက်တင် သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားနာမည်ကြီးနေသူကတော့ သရုပ်ဆောင် မင်းသားချောလေး နေတိုးပဲ ဖြစ်ပါတယ်။ သူရဲ့ စမတ်ကျကျဖက်ရှင်လေးတွေကိုလည်း ရွေးချယ်ဝတ်ဆင်တတ်တာကြောင့်လည်း မိန်းကလေးပရိသတ်များက ကြွေပြီးရင်း ကြွေနေရတာလည်း ဖြစ်ပါတယ်။ သူဟာ အကယ်ဒမီထူးချွန်ဆုကိုလည်း ရရှိပိုင်ဆိုင်ထားပြီး ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Crd -Nay Toe's Facebook Page
Photo Crd -Nay Toe's Facebook Page
Photo Crd -Nay Toe's Facebook Page

နေတိုးဟာ ကာရိုက်တာပေါင်းစုံကို ဟာကွက်မရှိအောင် သရုပ်ဆောင်နိုင်တာကြောင့်လည်း ဒါရိုက်တာများနဲ့ ဝါရင့်သရုပ်ဆောင်များကပင် ချီးကျုးနေရသူတစ်ယောက်လည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ နေတိုးတစ်ယောက် အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာဘဲ အပန်းဖြေနေထိုင်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကိုလည်း မကြာခဏ သီချင်းလေးတွေ ဂီတာလေးတီးပြီး ဆိုပြလေ့ရှိတာလည်း ဖြစ်ပါတယ်။  

Photo Crd -Nay Toe's Facebook Page
Photo Crd -Nay Toe's Facebook Page
Photo Crd -Nay Toe's Facebook Page

အခုမှာလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မိန်းကလေးလိုပြင်ဆင်ပြီး မြန်မာဝတ်စုံလေးဝတ်ပြီး အပီအပြင်ဒွန့်ကာ ကခုန်နေတဲ့ နေတိုးရဲ့ Video လေးပဲ ဖြစ်ပါတယ်။ " ပရိသတ်တွေနဲ့ အမှတ်တရရှိခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ရဲ့ ဇာတ်ဝင်ခန်းတစ်ခုပါ ကျွန်တော့်ပရိသတ်များအားလုံးအမှတ်ရနေဦးမယ်ထင်ပါတယ်အခုတော့သူလဲ TikTok ထဲမှာကနေလေရဲ့

(တာတေကြီး)နဲ့ပတ်သက်ပြီးပရိသတ်မှာအမှတ်တရတစ်ခုခုရှိနေခဲ့တယ်ဆိုရင်အမှတ်တရအနေနဲ့ကြားချင်ပါတယ်" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် နေတိုးရဲ့ ဗီဒီယိုလေးကို ကြည့်ရှုခံစားနိုင်အောင် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd -Nay Toe's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။