နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မိတ်ကပ်လင်းလင်းကိုတော့ ပရိသတ်တွေတော်တော်များများက သိပြီးသားဖြစ်ကြမယ် ထင်ပါတယ်နော်။ အလှဖန်တီးရှင်အဖြစ်သာမက သရုပ်ဆောင်အဖြစ်ပါ နာမည်ရအောင်မြင်နေတဲ့ လင်းလင်းကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သရုပ်ဆောင်တော်တဲ့ လင်းလင်းက ကြော်ငြာတွေလည်း လက်ခံရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit-Lin Linn's FB Acc
Photo Credit-Lin Linn's FB Acc
Photo Credit-Lin Linn's FB Acc

လင်းလင်းကတော့ လွတ်လပ်ပေါ့ပါးပြီး ဟန်ဆောင်မှုကင်းတဲ့ ပင်ကိုယ်စတိုင်လေးနဲ့ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တဲ့ လင်းလင်းက တစ်ခါတစ်ရံမှာလည်း အပျော်တမ်း ဟာသဗီဒီယိုလေးတွေကို ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း လင်းလင်းက ရုပ်ရှင်သရုပ်ဆောင် မင်းသားချော ကျော်ထက်အောင်နဲ့တွဲပြီး ဇာတ်ဝင်ခန်းလေးတစ်ခုကို သရုပ်ဆောင်ပြလိုက်တာ ဖြစ်ပါတယ်။

Photo Credit-Lin Linn's FB Acc
Photo Credit-Lin Linn's FB Acc
Photo Credit-Lin Linn's FB Acc

လင်းလင်းက "ချူဆီ" ရုပ်ရှင်ဇာတ်ကားကြီးထဲက ကျော်ထက်အောင်နဲ့ အိချောပိုတို့ရဲ့ဇာတ်ဝင်ခန်းကို ပြန်လည်သရုပ်ဆောင်ပြလိုက်တာ ဖြစ်ပါတယ်။ လင်းလင်းကတော့ အိချောပိုရဲ့နေရာကနေ နောက်ခံအသံအတိုင်း အပီအပြင်သရုပ်ဆောင်ပြီး Tik Tok ကစားထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော ကျော်ထက်အောင်နဲ့ မိတ်ကပ်လင်းလင်းတို့ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-"Lin Linn Makeup Artist" FB Page

Photo Credit-Lin Linn's FB Acc
Photo Credit-Lin Linn's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။