မင်းသားချောလေးအောင်မင်းခန့်ကတော့ mrtv 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကျရာနေရာမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသားချောလေးတစ်လက်ပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ အောင်မင်းခန့်ကတော့ အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်လျက်ရှိနေပြီး ဇာတ်လမ်းတွဲတွေကိုလည်း ဆက်လက်ရိုက်ကူးလျက်ရှိနေခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit: Aung Min Khant 's facebook acc
photo credit: Aung Min Khant 's facebook acc

ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီဖြစ်တဲ့ အောင်မင်းခန့်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မင်းသားချောလေးတစ်လက်ပဲ ဖြစ်ပါတယ်။ အနေအထိုင်အေးဆေးပြီး အပြုံးချိုချိုလေးနဲ့ လူတိုင်းကိုပြောဆိုဆက်ဆံတတ်တဲ့ အောင်မင်းခန့်ကတော့ အမိုက်စားbodyလေးကို ရရှိပိုင်ဆိုင်ထားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိပါတယ်။

photo credit: Aung Min Khant 's facebook acc
photo credit: Aung Min Khant 's facebook acc

အောင်မင်းခန့်ကတော့ ယခုမှာ ရိုက်ကွင်းထက်က ပျော်ရွှင်နေခဲ့တဲ့ ပုံရိပ်လေးတွေကို ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။ အောင်မင်းခန့်ကတော့ " အောင်မှန်းနဲ့နှင်းနွေ လေးကိုသတိရသေးလား" ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရိုက်ကွင်းထက်က ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေးအောင်မင်းခန့်ရဲ့ ရိုက်ကွင်းထက်မှာ ပျော်ရွှင်နေခဲ့တဲ့ အမိုက်စားပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

source : Aung Min Khant 's facebook acc

photo credit: Aung Min Khant 's facebook acc
photo credit: Aung Min Khant 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။