ပရိသတ်ကြီးရေ ရုပ်ရှင်မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိနေတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ရုပ်ရည်လေးကို ပိုင်ဆိုင်ထားပြီး အသက်(၃၀)ကျော်အရွယ်လို့တောင်ထင်ရက်စရာမရှိဘဲ ဆယ်ကျော်သက်လေးလိုလှပနေတာပါနော်။သုသုကတော့ ငယ်ငယ်ကတည်းက လှချင်တဲ့ကောင်မလေးဖြစ်လို့ (၁၅) (၁၆)နှစ်အရွယ်ကတည်း မိခင်ရဲ့ဂျင်းထည့်ခဲ့တဲ့အကြောင်းလေးတွေကို အောက်ပါအတိုင်း တဖွဲ့တနွဲ့ရေးသားပြီး ရင်တွင်းခံစားချက်တွေကို မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Paing Phyo Thu's Facebook Page
Photo Credit:Paing Phyo Thu's Facebook Page/RBV
Photo Credit:Paing Phyo Thu's Facebook Page/Amazing Grace

သုသုကတော့"အာလူးသီးပုံပြင် အမေများကိုယ့်ကိုငယ်ငယ်ကတည်းကဂျင်းထည့်ခဲ့တာ.ကိုယ်တွေစလှချင်တဲ့ ၁၅,၁၆နှစ်လောက်မှာ စဂျင်းထည့်တဲ့စကား "ငါ့သမီးလေးက လှပါတယ် အရွယ်မရောက်သေးလို့ပါ...မိန်းကလေးဆိုတာ ၁၈နှစ်လောက်မှအလှစုံတာ"တဲ့....အဲ့တော့စောင့်တာပေါ့....၁၈နှစ်ပြည့်ဖို့...ဟော...၁၈နှစ်ပြည့်ပါပြီ....ငါလှပစ်လိုက်တော့မဟဲ့ဆိုပြီးမှန်ထဲကြည့်လိုက်တော့....မှန်ထဲမှာကအာလူးသီး...အဲဒါနဲ့အမေ့ကိုcomplainတက်တာပေါ့....၁၈နှစ်ကပြည့်ပြီ..ဘာလို့လှမလာသေးလဲဆိုတော့...ဒုတိယဂျင်းလေးထပ်ကျွေးတယ်....မိန်းကလေးဆိုတာအသက်၂၁လောက်မှာမှပိုလှလာတတ်တဲ့အမျိုး....ဆိုပဲအဲဒါနဲ့ကိုယ်လည်း ၂၁ပြည့်မယ့်အချိန်ကိုစောင့်တာပေါ့....ကဲ...၂၁နှစ်ပြည့်တဲ့မွေးနေ့ကြီးကိုရောက်ချလာရော....မှန်ထဲမှာမြင်ရတဲ့ငတိမကဒီရုပ်ပဲ....အာလူးသီးတစ်စက်ကလေးမှမထူးခြားလာတာ....

Photo Credit:Paing Phyo Thu's Facebook Page
Photo Credit:Paing Phyo Thu's Facebook Page
Photo Credit:Paing Phyo Thu's Facebook Page

ကိုယ်လည်းစိတ်ကလေးကနည်းနည်းပေါက်လာတော့မားသားကြီးကိုစောဒကတက်တာပေါ့...အမေပြောတော့၂၁နှစ်ပြည့်ရင်လှလာမှာဆိုဘာညာ..ဆိုတော့....ဟုတ်ကဲ့ တတိယမြောက် ဂျင်းတက်လေးထပ်ကျွေးပါတယ်....ငါ့သမီးလေးကသူများနဲ့မတူဘူးလေ သိသိသာသာကိုလှလာနိုင်တဲ့ကောင်မလေးတွေကအသက်၂၅ကျမှစပြောင်းတာ....ဆိုပဲ....ဒါနဲ့ကိုယ်လည်းစိတ်ရှည်လက်ရှည်ဆက်စောင့်တာပေါ့....ဟော...၂၅နှစ်ပြည့်ပါပြီ....မှန်ထဲကိုလှလာလိုလှလာငြားတစိမ့်စိမ့်ကိုထိုင်ကြည့်တာ....မှန်ထဲကအာလူးသီးကလည်းကိုယ့်ကိုမမှိတ်မသုန်ပြန်ကြည့်တယ်....အဲ့သဟာနဲ့မာတာမိခင်ကို စိတ်ပျက်အားလျော့တဲ့လေသံလေးနဲ့ငြီးတာပေါ့...အမေရယ်...သမီးဘဝကတော့အာလူးသီးအဖြစ်ပဲဘဝဆုံးပြီနဲ့တူပါတယ် ဒီတစ်သက်ကောင်မလေးလှလှလေးမဖြစ်တော့ပါဘူးပေါ့.....

Photo Credit:Paing Phyo Thu's Facebook Page
Photo Credit:Paing Phyo Thu's Facebook Page
Photo Credit:Paing Phyo Thu's Facebook Page

အမယ်...အမေများအားမလျှော့ဘဲဂျင်းဆက်ကျွေးသေးတာ....အသက်၃၀ဆိုတာကမှအမျိုးသမီးတစ်ယောက် ကျက်သရေရှိစွာနဲ့ အလှဆုံးအချိန်တဲ့....အမယ်....ကျက်သရေတွေဘာတွေတောင်ဖမ်းရှိပစ်လိုက်သေးတာနော်....ဒီအာလူးသီးလည်းမိခင်ရဲ့တော်ကီတွေကိုမယုံရဲယုံရဲနဲ့စောင့်လာလိုက်တာ...ဟော...အခု၃၀ပြည့်ပြီ...မှန်ထဲကြည့်တော့အာလူးသီးကကိုယ့်ကိုပြုံးစစနဲ့ပြန်ကြည့်တယ်....အဲ့မှာကိုယ်နားလည်လိုက်ပြီ....မှန်ထဲကအဲ့အာလူးသီးကသေတပန်သက်တစ်ဆုံးကိုယ်နဲ့တွဲနေမယ့်ပုံရိပ်ဆိုတာ...၃၀ပြည့်ကတည်းကလည်းကိုယ်စိတ်လျှော့လိုက်ပြီ...မာတာမိခင်ကိုလည်းဘယ်တော့လှလာနိုင်လည်းမမေးတော့ဘူး...ဂျင်းထပ်မမိချင်တော့ဘူးလေတစ်သက်လုံးလှမလာမယ့်အတူတူချစ်ဖို့ကောင်းတာလေးနဲ့ပဲဆက်ထိန်းထားလိုက်တော့မယ်အသက်၄၀ပြည့်မှဇွတ်တရွတ်တားမရဆီးမရမဟားဒရားတွေ လှလာရင်တော့လည်းကိုယ့်ကံပေါ့လေ"ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Paing Phyo Thu's Facebook Page
Photo Credit:Paing Phyo Thu's Facebook Page

Source&Photo Credit:Paing Phyo Thu's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။