OGA Dota PIT Season2: China tournaments ကတော့ ဒီကနေ့ဆိုရင် ပြုလုပ်ကျင်းပလာခဲ့တာ 7 ရက်မြောက်နေ့ကိုရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို စုစုပေါင်း dota 2 teams 8 သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် နှစ်သင်းက ပြုတ်သွားခဲ့ပြီဖြစ်တာကြောင့် အခုဆိုရင် Team Aster , Vici Gaming , CDEC Gaming , Invictus Gaming , EHOME နဲ့ Royal Never Give Up တို့ ခြောက်သင်းသာ ကျန်ရှိနေတော့တာပဲဖြစ်ပါတယ်။

ဒီကနေ့မှာဆိုရင်လည်း Lower brackt round 1 ပွဲစဉ်တွေအဖြစ် Invictus Gaming Vs Team Aster နဲ့ EHOME vs Royal Never Give Up တို့ ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။

ဒီပွဲစဉ်နှစ်ပွဲက ရှုံးတဲ့အသင်း နှစ်သင်းကတော့ ပြိုင်ပွဲကတော့ ထွက်ခွာရမှာဖြစ်ပြီး နိုင်တဲ့အသင်းနှစ်သင်းကတော့ Lower Bracket Round 2 ပွဲစဉ်အဖြစ် မနက်ဖြန်မှာ ထပ်မံယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။

ဒီနေ့ပထမဆုံး ဆော့ကစားမယ့် IG vs Team Aster ပွဲစဉ်ကတော့ မြန်မာစံတော်ချိန် 12 :30 pm မှာ ဆော့ကစားမှာဖြစ်ပြီး EHOME vs RNG ပွဲစဉ်ကတော့ နေ့လည် 3:30 Pm မှာဆော့ကစားသွားမှာပဲဖြစ်ပါတယ်။

ဒီပွဲစဉ်နှစ်ပွဲလုံးက ရှုံးထွက်ပွဲစဉ်တွေဖြစ်တာကြောင့် bo3 အနေနဲ့ ယှဉ်ပြိုင်ဆော့ကစားသွားမှာဖြစ်ပြီး ဘော်ဒါတို့ရော ဘယ်အသင်းတွေ အနိုင်ရမယ်လို့ထင်ကြလဲ။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။