ပရိသတ်ကြီးရေ.. အသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းလေးတွေအပြင် ချစ်စရာကောင်းလွန်းတဲ့ အပြုံးလှလှလေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေသူလေးကတော့ အဆိုတော်မလေး ဝိုင်းလေးပဲ ဖြစ်ပါတယ်နော်..။
အချစ်တော် ဝိုင်းလေးကတော့ သူမရဲ့အသံလေးနဲ့ လိုက်ဖက်တဲ့ သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ဖန်တီးတတ်သလို Cover Song တွေမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို တခဲနက်ရရှိထားသူလေးလည်း ဖြစ်ပါတယ်နော်..။
အင်္ဂလိပ်သီချင်းလေးတွေအပြင် ကိုရီးယားသီချင်းလေးတွေကိုလည်း Cover Song ပြန်ဆိုတတ်ပြီး Cover Song ဆိုမှ မြန်မာပရိသတ်တွေအပြင် နိုင်ငံခြားပရိသတ်တွေကပါ ပိုပြီး အားပေးလာလို့ ပျော်နေတဲ့အကြောင်းလေးကိုလည်း ဝိုင်းလေးက ပြောပြလာပါတယ်နော်..။
“နိုင်ငံခြားသီချင်းတွေကို Cover Song ဆိုဖြစ်တာလေးတွေနဲ့ ပတ်သက်ပြီးလည်း ပြောပြထားပါသေးတယ် Cover Song ဆိုတော့ ပရိသတ်တွေကပိုပြီး အားပေးလာတာ တွေ့ရတယ် Youtube မှာတော့ Cover Song ဆိုမှ ပိုပြီးတော့အားပေးလာတဲ့ တစ်ခြားနိုင်ငံက Fan တွေလည်း တွေ့တယ် အရမ်းပျော်ပါတယ်..” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်နော်..။
ဝိုင်းလေးကတော့ လတ်တလောမှာလည်း သီချင်းအသစ်လေး လုပ်နေပြီး သီချင်းပုံစံလေးကလည်း အချစ်အကြောင်းဖြစ်ကာ ချစ်သူဆုံးသွားတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ခံစားချက်လေးကို ကိုယ်တိုင်ခံစားကာ စိတ်မကောင်းလို့ ရေးထားတဲ့အကြောင်းလေးလည်း ပြောပြထားပါသေးတယ်နော်..။
အချစ်နဲ့ ပတ်သက်ပြီး ထားသွားသူထက် ထားခဲ့ခံရတဲ့သူက ပိုပြီး ခံစားရတယ်လို့ ထင်တဲ့အကြောင်းလေးတွေကိုပါ ပြောပြထားတဲ့ ဝိုင်းလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။
Photo Credit - Mie Mie Lay PHOTOGRAPHY& Pyae Phyo Zaw
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။