ပရိသတ်ကြီးရေ သရုပ်ဆောင်ညီနန္ဒကတော့ ဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့ပြီး ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေခေတ္တရပ်နားထားရချိန်မှာတော့ အရသာရှိလှတဲ့ ထောပတ်ထမင်းကို ကိုယ်တိုင်ချက်ပြီး ရောင်းနေတာဖြစ်ပါတယ်။ညီနန္ဒရဲ့ ထောပတ်ထမင်းကို အနုပညာမောင်နှမတွေကလည်း ကြိုက်ကြလို့ ဝိုင်းဝန်းအားပေးကြပြီး ပရိသတ်တွေကပါ အားပေးလာကြတာဖြစ်ပါတယ်။ညီနန္ဒရဲ့ထောပတ်ထမင်းကတော့ ခဏလေးနဲ့ အောင်မြင်မှုရလာတာဖြစ်ပါတယ်နော်။

Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account

ညီနန္ဒက သူ့ရဲ့ထောပတ်ထမင်းကို အနုပညာညီအစ်ကိုမောင်နှမတွေဆီကိုလည်း သွားရောက်ပို့ပေးခဲ့ပြီး တစ်ချိန်ကကျေးဇူးတွေကို ထောပတ်ထမင်းလေးနဲ့ ဂါရဝပြုခဲ့တာဖြစ်ပါတယ်။စိတ်သဘောထားဖြူစင်ပြီး သဘောကောင်းတဲ့ မင်းသားတစ်လက်ဖြစ်လို့ သူချက်တဲ့ ထောပတ်ထမင်းကိုလည်း စားသုံးသူအတွက် စေတနာအပြည့်နဲ့ ချက်ထားတာပါနော်။ညီနန္ဒက အခုဆိုရင်လည်း ဆုပန်ထွာတို့ဇနီးမောင်နှံနှစ်ယောက်အတွက် ထောပတ်ထမင်းလေးကို သွားရောက်ပို့ပေးခဲ့ပါတယ်။

Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account

"ကျွန်တော့်ဘဝအတွက်အရေးအကြီးဆုံးပုဂ္ဂိုလ်တွေထဲက ဒီနေ့ "'ကိုနန္ဒ ထောပတ်ထမင်း"' ပို့ဖို့ အလှည့်ကျလာသူကတော့ ကျွန်တော့ကို"'မဟာသမယသုတ်"' အလွတ်ရအောင် လမ်းပြကူညီပေးခဲ့တဲ့ ဓမ္မဆရာမ ချစ်ညီမလေး "' Supan Htwar "' ပါ...ချစ်ညီမလေး အကြောင်းပြောလိုက်တာနဲ့ ချစ်ကိုကြီး Ko "' Okkar Kyaw "' (လက်ရှိ ပေါ်ပြုလာအဖြစ်ဆုံး Celeကြီး ဂဠုန်ဦးစော) ကိုလည်းမေ့ထားလို့မရပါဘူး...ကျွန်တော်တို့မိသားစု အခက်အခဲကြုံတိုင်း ကူညီဖြေရှင်းပေးပြီး စိတ်ဓါတ်မကျဖို့ခွန်အားတွေပေးခဲ့တဲ့ ချစ်ကိုကြီးနဲ့ချစ်ညီမလေး ပါ...အဲ့ဒီစေတနာတွေကို ကျွန်တော့ရင်ထဲတစ်သက်လုံးသိမ်းထားမှာပါ...ချစ်ကိုကြီးနဲ့ချစ်ညီမလေး ကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်စုံပါစေ..."ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account

Source&Photo Credit:Nyi Nanda's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။