ပရိသတ်တွေရဲ့ရင်ထဲမှာ အမြဲတမ်းနေရာယူထားတဲ့ ဝါရင့်သရုပ်ဆောင်တွေထဲမှာတော့ ထပ်ဆင့်အကယ်ဒမီဆုရှင် မင်းသမီးချော နန္ဒာလှိုင်ကလည်း ထိပ်ဆုံးကနေပါဝင်တာ ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါတုန်းက နာမည်တစ်လုံးနဲ့ လွှမ်းမိုးအောင်မြင်ခဲ့တဲ့ နန္ဒာလှိုင်က ယနေ့အချိန်ထိတိုင်အောင် အောင်မြင်မှုတွေ ရရှိနေဆဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်က အနုပညာအလုပ်တွေအားလုံးကို ရပ်နားထားခဲ့ပေမယ့်လည်း ပရိသတ်တွေက သူမကိုဆက်လက်အားပေးနေကြတာ ဖြစ်ပါတယ်။

Photo Credit-Nandar Hlaing's FB Acc
Photo Credit-Zay Thiha's FB Acc
Photo Credit-Nandar Hlaing's FB Acc

နန္ဒာလှိုင်အနေနဲ့ စီးပွားရေးလုပ်ငန်းကိုသာ အာရုံစိုက်လုပ်ကိုင်နေရင်း သူမရဲ့သမီးလေးသုံးယောက်ကို မိခင်ကောင်းပီသစွာ ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ်။ ဇေဝတီလှိုင်၊ ဇေရတီလှိုင်နဲ့ ဇေမဒီလှိုင်ဆိုတဲ့ နန္ဒာလှိုင်ရဲ့သမီးချောလေးသုံးယောက်ကတော့ မေမေနဲ့တူလို့ အကုန်လုံးက အချောလေးတွေဖြစ်နေကြတာ ဖြစ်ပါတယ်။ အခုလည်း နန္ဒာလှိုင်တစ်ယောက် ချစ်ဖို့ကောင်းတဲ့သမီးကြီးနဲ့အတူ အမှတ်တရပုံလေးရိုက်ရင်း ပျော်ရွှင်နေတာ ဖြစ်ပါတယ်။

Photo Credit-Nandar Hlaing's FB Acc
Photo Credit-Nandar Hlaing's FB Acc
Photo Credit-Nandar Hlaing's FB Acc
Photo Credit-Nandar Hlaing's FB Acc

နန္ဒာလှိုင်ကတော့ သူမနဲ့ရုပ်ချင်းဆင်ပြီး ပါးဖောင်းဖောင်းကစ်ကစ်လေးနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ သမီးကြီးဝတီကို ချစ်မဝဖြစ်နေတာပဲ ဖြစ်ပါတယ်။ ကလေးသုံးယောက်အမေဖြစ်တဲ့ နန္ဒာလှိုင်ကတော့ အခုချိန်အထိ ပျိုမျစ်နုနုယ်ပြီး အရွယ်တင်နေသလို သမီးကြီးနဲ့အတူ ချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော နန္ဒာလှိုင်နဲ့ သမီးချောလေး ဇေဝတီလှိုင်တို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Zay Thiha's FB Acc

Photo Credit-Nandar Hlaing's FB Acc
Photo Credit-Zay Thiha's FB Acc
Photo Credit-Nandar Hlaing's FB Acc
Photo Credit-Nandar Hlaing's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။