မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ဟန်ဆောင်မှုကင်းပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ တကယ့်ကို ချစ်ဖို့ကောင်းလွန်းသူလေး ဖြစ်ပါတယ်။ နာမည်လေးနဲ့လိုက်အောင် ဖြူစင်တဲ့စိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးကတော့ အလှူအတန်းရက်ရောသူလေးဆိုတာ အားလုံးကသိကြမယ် ထင်ပါတယ်နော်။ လူကြီးမိဘအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ ဖြူဖြူထွေးက အခုဆိုရင် အရမ်းကို အောင်မြင်နေတာ ဖြစ်ပါတယ်။

Photo Credit- Phyu Phyu Htwe's FB Acc
Photo Credit- Phyu Phyu Htwe's FB Acc
Photo Credit- Phyu Phyu Htwe's FB Acc

ဖြူဖြူထွေးက ရိုးရိုးသားသားရှာဖွေထားတဲ့ အနုပညာကြေးတွေနဲ့ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေးဆိုရင်လည်း မမှားပါဘူးနော်။ ဖြူဖြူထွေးက အမြဲတမ်းလိုလို ပြုံးရွှင်နေတတ်ပြီး ပျော်ပျော်နေလေ့ရှိတာကြောင့် သူမရဲ့မျက်နှာလေးက ချစ်ဖို့ကောင်းလို့နေတာ ဖြစ်ပါတယ်။ အခုလည်း အစအနောက်သန်တဲ့ ဖြူဖြူထွေးက သူမချစ်ရတဲ့မိခင်ကို ဗီဒီယိုလေးရိုက်ပြီး စနောက်ကျီစယ်လိုက်တာ ဖြစ်ပါတယ်။

Photo Credit- Phyu Phyu Htwe's FB Acc
Photo Credit- Phyu Phyu Htwe's FB Acc
Photo Credit-Amazing Grace

ဖြူဖြူထွေးက သူမရဲ့အရှေ့မှာ မြန်မာအကနဲ့ပတ်သက်ပြီး သေသေချာချာပြောပြကာ အပီအပြင်ကပြနေတဲ့ အမေ့ကို ဆေးထိုးလိုက်တာပဲ ဖြစ်ပါတယ်။ အခွီတွေပြောလိုက်တဲ့ ဖြူဖြူထွေးရဲ့စကားကြောင့် သူမရဲ့မိခင်ကလည်း သဘောကျရယ်မောသွားရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အိမ်မှာနေရင်း အမေ့ကိုစနောက်ကျီစယ်နေတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit- Phyu Phyu Htwe's FB Story

Photo Credit- Phyu Phyu Htwe's FB Acc
Photo Credit-Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။