လက်ရှိနိုင်ငံရေးမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အငြင်းပွားဖွယ်အကြောင်းအရာတွေဖြစ်နေတဲ့ ကာတာနိုင်ငံဆီကို အမေရိကန်အစိုးရအနေနဲ့ F-15 တိုက်လေယာဉ်ရောင်းချရေးစာချုပ် ချုပ်ဆိုခဲ့မှုက အမေရိကန်နိုင်ငံနေနဲ့ ကာတာနိုင်ငံအပေါ် နိုင်ငံရေးအရထောက်ခံလျက်ရှိတာကို ပြသနေခြင်း ဖြစ်တယ်လို့ ကာတာနိုင်ငံကဆိုထားကြောင်း Aljazeera.com သတင်းမှာဖော်ပြထားပါတယ်။

ကာတာနဲ့ ပင်လယ်ကွေ့အာရပ်နိုင်ငံတွေကြား အငြင်းပွားမှုတွေဖြစ်ပွားနေချိန်အတွင်း အမေရိကန်သမ္မတ ထရမ့်က အာရပ်နိုင်ငံတွေဘက်က ရပ်တည်နေချိန်မှာ အမေရိကန်နဲ့ ကာတာအစိုးရကြား လေယာဉ် ဝယ်ယူရေးစာချုပ်ကို ပြီးခဲ့့တဲ့ ဗုဒ္ဓဟူးနေ့က လက်မှတ် ရေးထိုးနိုင်ခဲ့တာပါ။ 

F-15 လေယာဉ်ဝယ်ယူရေး သဘောတူစာချုပ်ကို အရင်အမေရိကန်သမ္မတဟောင်းအိုဘာမား လက်ထက်တုန်းကသဘောတူထားတာဖြစ်ပြီး ကာတာအနေနဲ့ ဒေါ်လာ ၁၂ဘီီလီယံဖိုးတန်ကြေးရှိ လေယာဉ် အစီး ၃၀ ကျော်ကို အမေရိကန်ထံကနေ ဝယ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။

Aung

သတင်းအရင်းမြစ် Aljazeera.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။