ပရိသတ်ကြီးရေ အချစ်ဖွဲ့လေညင်း ရုပ်သံဇာတ်လမ်းတွဲ ထဲကနေ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူကတော့ မင်းသားချောလေး ကျော်ထက်ဇော် ပဲဖြစ်ပါတယ်နော် ။ ကျော်ထက်ဇော် ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း အကောင်းဆုံး ကြိုးစားအားထုတ်မှုတွေကြောင့်လည်း နေရာတစ်နေရာကို ရပ်တည်နိုင်ခဲ့ပါပြီနော်။ လတ်တလောမှာတော့ ကပ်ရောဂါအခြေအနေကြောင့် ခဏတာရပ်နားထားခဲ့ရတဲ့ အနုပညာအလုပ်တွေကိုလည်း ပြန်လည် စတင်လုပ်ကိုင်နေပြီလည်း ဖြစ်ပါတယ်။

Photo Credit - BoBo
Photo Credit - BoBo

ဒါ့အပြင် သူကတော့ အနုပညာလှုပ်ရှားမှု ပုံရိပ်လေးတွေအပြင် လတ်တလော ခရီးသွားနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးတာကိုလည်း တွေ့ရပါတယ်။ အချစ်တော်လေး ကျော်ထက်ဇော်ပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေရဲ့ ရင်ထဲကို မကြာခင်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ယခုတစ်ခါတော့ အချစ်တော်လေး ကျော်ထက်ဇော် က အင်းတော်ကြီး ရွှေမဉ္ဇူ ရေလယ်ဘုရားကို ရောက်ရှိခဲ့ပြီး မြင်သူတိုင်း ချစ်အားပိုစေလောက်မယ့် ပုံရိပ်လေးတွေကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပြန်ပါတယ်။

Photo Credit - BoBo
Photo Credit - BoBo

ဒီပုံလေးတွေထဲမှာတော့ သဘာဝအလှတရားတွေကို နောက်ခံထားပြီး စမက်ကျကျနဲ့ ဆွဲဆောင်မှုရှိတဲ့ အမူရာလေးတွေဖြင့် နှုတ်ခမ်းနီမလေးတွေ အသည်းကြွေအောင်ဖမ်းစားထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မင်းသားကျော်ထက်ဇော် က " ဘယ်နေရာ ရောက်ရောက် လွမ်းတဲ့စိတ်ကတော့ အတူတူပါပဲ ." ဆိုပြီး ချစ်စရာကောင်းလောက်အောင်လည်းရေးသားထားပါသေးတယ်..။ ကဲ...ချစ်ပရိသတ်ကြီးရေ ခရီးတွေကို အမြဲထွက်နေတဲ့ အချစ်တော်လေး ကျော်ထက်ဇော် ရဲ့ ခရီးသွား ပုံရိပ်လေးတွေကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - BoBo
Photo Credit - BoBo

Photo Credit - BoBo

Source -Kyaw Htet Zaw facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။